(ယမန်နေ့ညက မြတ်မေတ္တာမွန်ဆီဆိုင် ဗုံးပေါက်ကွဲမှုဖြစ်နေစဥ်) |
တာမွေမြို့နယ်အတွင်း ယမန်နေ့(ဇန်နဝါရီ ၄)ညဗုံးခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား သုံးဦးထက်မနည်းသေဆုံးကြောင်း အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွှတ်မြောက်ရေးအဖွဲ့ (ACPLF)က ထုတ်ပြန် သည်။
အဆိုပါတိုက်ခိုက်မှုကို တာမွေမြို့နယ် မလွှကုန်းဘူတာအနီးရောက်ရှိနေသည့် စစ်ကောင်စီတပ်များနှင့် မလှမ်းမကမ်းနေရာတွင် ယမန်နေ့ည ၇ နာရီခွဲခန့်က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
ယင်းပေါက်ကွဲမှုအနီး လာရောက်ကြည့်ရှူ့သည့် စစ်ကောင်စီတပ်များကို ည ၇ နာရီ ၅၀ ခန့်တွင် ဒုတိယအကြိမ် ထပ်မံဖောက်ခွဲတိုက်ခိုက်သည်တွင် စစ်ကောင်စီဘက်မှ သုံးဦးထက်မနည်း သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
အထက်ပါတိုက်ခိုက်မှုကို အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွှတ်မြောက်ရေးအဖွဲ့ (ACPLF)၊ မှော်ဘီတော်လှန်ရေးအင်အားစု - (HRF)၊ Yangon People’s Defense Force (Bahan)နှင့် Anonymous Force စသည့်မဟာမိတ် လေးဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အလားတူ ယမန်နေ့ည ၆နာရီခန့်က တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ စစ်ကောင်စီထောက်တိုင်လုပ်ငန်းတစ်ခုဖြစ်သော မြတ်မေတ္တာမွန် (MMIT)စက်သုံးဆီအရောင်းဆိုင်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။
People's Spring
No comments:
Post a Comment