ကနေဒီတောင်ပေါ်မှာ စစ်ကောင်စီ ၁၂ ယောက်လေထီးနဲ့လာချရာ လေထီးမဖွင့်နိုင်လို့ တစ်ယောက် ချောက်ထဲကျ


January 19, 2022 

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကနေဒီတောင်ပေါ်က တပ်ကင်းစခန်းမှာ ဒီနေ့ ဇန်နဝါရီ ၁၉ ရက် နေ့လည် ၁နာရီခွဲလောက်က ရဟတ်ယာဉ်တစ်စီးနဲ့ စစ်ကောင်စီ ၁၂ ယောက်ကို လေထီးနဲ့လာချသွားတယ်လို့သတင်းရရှိပါတယ်။

ရဟတ်ယာဉ်ပေါ်ကနေ ၁၂ ယောက် လေထီးနဲ့ခုန်ချရာ တစ်ဦးက လေထီးမဖွင့်နိုင်တာကြောင့် ချောက်ထဲကျသွားတယ်လို့လည်း ဒေသခံကာကွယ်ရေးတပ်တွေထံကသိရတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက “အဲ့သတင်းမှန်တယ်တဲ့။ သူတို့က အထုပ်တွေနဲ့ ဆင်းလာကြတယ်တဲ့။ အဲ့စခန်းက ဒေသခံကာကွယ်ရေးတပ်တွေက ဝိုင်းထားတာ ၃ လကျော်ကြာပြီဆိုတော့ ရိက္ခာလည်းမရှိတော့ဘူး။ ရေလည်း အောက်ဆင်းပြီး ခတ်လို့မရဘူး။ ထွက်ပြေးတဲ့သူလည်းများတယ်လေ။ ဒါကြောင့် ရိက္ခာကော အင်အားကော လာဖြည့်တာနေမယ်” လို့ပြောပါတယ်။

ကနေဒီတောင်ဟာ ဗျူဟာကျတဲ့ တောင်ကုန်းဖြစ်ပြီး အဲ့ဒီနေရာကနေ တီးတိန်မြို့၊ ကလေးမြို့ဘက်ကိုပါ အပေါ်စီးကနေ မြင်လို့ရပါတယ်။


Zalen 


ကနေဒီတောင်ပေါ်မှာ စစ်ကောင်စီ ၁၂ ယောက်လေထီးနဲ့လာချရာ လေထီးမဖွင့်နိုင်လို့ တစ်ယောက် ချောက်ထဲကျ ကနေဒီတောင်ပေါ်မှာ စစ်ကောင်စီ ၁၂ ယောက်လေထီးနဲ့လာချရာ လေထီးမဖွင့်နိုင်လို့ တစ်ယောက် ချောက်ထဲကျ Reviewed by THITHTOOLWIN on 19:39 Rating: 5

No comments:

Powered by Blogger.