မြောက်ဥက္ကလာပ ကန်သာယာလမ်းဆုံနှင့် ယခင်စစ်ကြောရေးဝန်းရှေ့တို့တွင် ဗုံးပေါက်ကွဲ

(မြောက်ဥက္ကလာ ကန်သာယာလမ်းဆုံအား ပြီးခဲ့သည့်နှစ်က တွေ့ရစဥ်၊ ပုံဟောင်းအသုံပြုထားပါသည်)

(ဇန်နဝါရီ ၉)ည ၇ နာရီမှစတင်ပြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြိုနယ်၊ ကန်သာယာလမ်းဆုံနှင့် သုနန္ဒာလမ်း ဘူမိဗေဒနှင့် ဓာတ်သတ္ထု ရှာဖွေရေးကော်ပိုရေးရှင်းဝန်းရှေ့နားတို့တွင် ဗုံး ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

"သုနန္ဒာလမ်းဆုံ (ဇ)ရပ်ကွက်ဆိုတာ ဆီဆိုင်နားပေါ့။ ညရပ်ကွက်ရဲ့ ရွှေပေါက်ကံဘက်ထိပ်လေ။ (ဗုံးပေါက်ကွဲမှု)နှစ်လုံးပဲကြားတာပါ ခုတော့။ နောက်ထပ်တော့မကြားမိသေးဘူး။ ကိုယ်မကြားတဲ့နေရာလည်း ရှိကောင်းရှိနိုင်တယ်"ဟု မြောက်ဥက္ကလာပမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။

သုနန္ဒာလမ်းဆုံအနီးပေါက်ကွဲမှု တော်လှန်ရေးကာလအစောပိုင်းက စစ်ကောင်စီမှ စစ်ကြောရေးအဖြစ် အသုံးပြုခဲ့သည့် ဘူမိဗေဒနှင့် ဓာတ်သတ္ထုရှာဖွေရေးကော်ပိုရေးရှင်းဝန်းရှေ့နား ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပေါက်ကွဲမှုများမှာ ည ၇ နာရီ ၅ မိနစ်ခန့်တွင် တစ်ကြိမ် ၇ နာရီ ၁၅ ခန့်တွင် တစ်ကြိမ်ဖြင့် စုစုပေါင်း နှစ်ကြိမ်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အထက်ပါ ဗုံးပေါက်ကွဲမှုဖြစ်စဥ်များတွင် ထိခိုက်သေဆုံးမှုများရှိ၊ မရှိကို စုံစမ်းနေဆဲ ဖြစ်သည်။


People's Spring 

မြောက်ဥက္ကလာပ ကန်သာယာလမ်းဆုံနှင့် ယခင်စစ်ကြောရေးဝန်းရှေ့တို့တွင် ဗုံးပေါက်ကွဲ မြောက်ဥက္ကလာပ ကန်သာယာလမ်းဆုံနှင့် ယခင်စစ်ကြောရေးဝန်းရှေ့တို့တွင် ဗုံးပေါက်ကွဲ Reviewed by THITHTOOLWIN on 23:05 Rating: 5

No comments:

Powered by Blogger.