ဇန်နဝါရီ၁၅၊ချင်းတွင်းရိုးမ၊မုံရွာ
မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တချို့ စစ်ကောင်စီမှဖမ်းဆီးခြင်းခံလိူက်ရပြီးနောက် ၎င်းတို့၏လူမှု့ကွန်ယက်စာမျက်နှာအသုံးပြု၍ ဝါဒဖြန့်မှုများပြုလုပ်လာလေ့ရှိသည်။
မုံရွာ သံမဏိတပ်ဖွဲ့ရဲဘော်တစ်ဦးဖြစ်သည့် လူမှု့ကွန်ယက်စာမျက်နှာတွင် "မသေချင်ရင် ငါ့လိုပဲ စောစောအဖမ်းခံကြပါ"ဟု စာသားဖြင့် ယခင်ဓာတ်ပုံများကိုအသုံးပြု၍ ဝါဒဖြန့်သတင်းအမှားကို မနေ့ကဇန်နဝါရီ၁၄ရက်နေ့မှာ ဖြန့်ဝေလိုက်ပါသည်။
အဆိုပါအကောင့်ပိုင်ရှင်သည် နိုဝင်ဘာ၁၈ရက်နေ့ကတည်းက အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းကိုခံထားရပြီး မနေ့ကဇန်နဝါရီ၁၄ရက်တွင် ဝါဒဖြန့်မှုနှင့်ကိစ္စနှင့်ပက်သက်ပြီး မုံရွာသံမဏိတပ်ဖွဲ့မှ "၎င်းသည် ၁၁လပိုင်း၁၈ရက်နေ့က စစ်ကောင်စီတပ်များ၏ဖမ်းဆီးခံရကြောင်း၊ယခုအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များမှ ၎င်း၏အကောင့်ကိုယူသုံးနေကြောင်း၊၎င်းအကောင့်နှင့်ပက်သက်၍ မယုံကြပါရန်"သံမဏိတပ်ဖွဲ့ဝင်တစ်ဦးမှ ချင်းတွင်းရိုးမသတင်းဌာနသို့ပြောသည်။
ဒါ့အပြင် ၎င်းအကောင့်ကိုပြည်သူများအနေဖြင့် Reportဝိုင်းဝန်းကူညီပေးကြရန် မုံရွာသံမဏိတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးထံမှ သိရှိရပါတယ်။
Chindwin Yoma Media
No comments:
Post a Comment