မုံရွာမြို့ပေါ်ရှိ စကစ လက်အောက်ခံ စည်ပင်နှင့် လဝက ဝန်ထမ်းများ၏ နေအိမ်များကို တိုက်ခိုက်၊


ဇန်နဝါရီ - ၉

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ စည်ပင်နှင့် လ.၀.က ဝန်ထမ်းများ၏ နေအိမ်များကိ ယနေ့ မနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း Monywa Nightking ပြောက်ကျားတပ်ဖွဲ့့ သတင်းထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီ(၉)ရက် မနက်ပိုင်းက မုံရွာမြို့ ရန်ကင်းရပ်ကွက်ရှိ စစ်ကောင်စီ လက်အောက်ခံ စည်ပင်အရာရှိ ကျော်ကြီး(ခ)ကျော်ဇင် နေထိုင်သော အိမ်နှင့် အခြားသော လ.ဝ.က ဝန်ထမ်းတစ်ဦး၏ နေအိမ်ကို မဟာမိတ်တပ်ပေါင်းစုများက ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မဟာမိတ်တပ်ပေါင်းစုဖြစ်သော ACF Monywa၊ Monywa Phoenix Waarior၊ Monywa Nightking၊ Monywa Ninja ပြောက်ကျားတပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ဖောက်ခွဲရေး ပစ္စည်းများကို Monywa Phoenix Warrior အဖွဲ့က ကူညီပေးသည်ဟု ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ သေကြေထိခိုက်မှု အခြေအနေကိုမူ ဖော်ပြထားခြင်း မရှိပါ။

မုံရွာမြို့၌ စကစများကို တိုက်ခိုက်ရန်အတွက် စစ်ရေးမစ်ရှင်များ ဆောင်ရွက်ရာတွင် CCTV ကင်မရာများကြောင့် အခက်အခဲများ ကြုံတွေ့နေရသဖြင့် အများပြည်သူအနေဖြင့် CCTV ကင်မရာများ ဖြုတ်ထားပေးကြပါရန် မုံရွာမြို့ပြ ပြောက်ကျားတပ်ဖွဲ့များက မေတ္တာရပ်ခံသည်။

ထို့အပြင် အကြမ်းဖက် စစ်အုပ်စုကို ပိုမိုထိရောက်စွာ ခုခံတိုက်ခိုက်နိုင်ရေး ခေတ်မီ လက်နက်များ လိုအပ်နေပါသဖြင့် အများပြည်သူမှ ကူညီဝိုင်းဝန်းပေးကြပါရန်လည်း မုံရွာမြို့ပြ ပြောက်ကျားတပ်ဖွဲ့များက မေတ္တာရပ်ခံ အကူအညီ တောင်းထားသည်။


Mandalay Free Press - MFP

မုံရွာမြို့ပေါ်ရှိ စကစ လက်အောက်ခံ စည်ပင်နှင့် လဝက ဝန်ထမ်းများ၏ နေအိမ်များကို တိုက်ခိုက်၊ မုံရွာမြို့ပေါ်ရှိ စကစ လက်အောက်ခံ စည်ပင်နှင့် လဝက ဝန်ထမ်းများ၏ နေအိမ်များကို တိုက်ခိုက်၊ Reviewed by THITHTOOLWIN on 22:57 Rating: 5

No comments:

Powered by Blogger.