မုံကိုးတွင် စစ်ကောင်စီနှင့် ကေအိုင်အေတိုက်ပွဲဆက်လက်ပြင်းထန်


မုံကိုး - ဇန်နဝါရီ ၁၄၊ ၂၀၂၂။

စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်(KIA) တို့ကြား ယနေ့နေ့လည် ၁၂ နာရီခန့်က မုံကိုးမြို့နယ် ဆမာ့ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကေအိုင်အေ တပ်မဟာ ၆ တပ်ရင်း ၃၆ တပ်စခန်းရှိရာသို့ စစ်ကောင်စီစစ်ကြောင်း ချီတက်လာသောကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Mediaကိုပြောသည်။ 

"စစ်တပ်ဘက်က စစ်ကြောင်းထိုးလာတာပေါ့ ဆမာ့ရွာတောင်ပေါ်ဖြစ်တာ၊ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့လည်း ပစ်ပေးနေတာ၊ မနေ့ညကတည်းနေ ပစ်နေတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တော်တော်နီးနီးပစ်နေကြတာ။" ဟုသူကပြောသည်။

တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသောကြောင့် တိုက်ပွဲဖြစ်ပွားရာ ဒေသအနီးရှိ ဒေသခံပြည်သူများမှာ  ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မုန်းကိုးမြို့နယ် ဆမာ့ရွာနှင့် ခဘန်ရွာကြားတွင်လည်း ယမန်နေ့ နေ့လည် ၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကချင်အမျိုးသားလွတ်မြောက်ရေးတပ်(KIA)တပ်ဖွဲ့ဝင်များကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသအချို့သို့ စစ်အင်အားတိုးချဲ့ရန် စစ်ရေးလှုပ်ရှားမှုများ အဆက်မပြတ် ပြုလုပ်နေပြီး  ကေအိုင်အေတပ်ဖွဲ့ဝင်များနှင့်မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။


The 74 Media 

မုံကိုးတွင် စစ်ကောင်စီနှင့် ကေအိုင်အေတိုက်ပွဲဆက်လက်ပြင်းထန် မုံကိုးတွင် စစ်ကောင်စီနှင့် ကေအိုင်အေတိုက်ပွဲဆက်လက်ပြင်းထန် Reviewed by THITHTOOLWIN on 19:27 Rating: 5

No comments:

Powered by Blogger.