မုံရွာမှဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ထေက်ပို့ရေယာဉ်ကို ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်


စစ်ကိုင်းတိုင်း၊ မုံရွာမှဆန်တက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်၏ ထောက်ပို့ရေယာဉ်များကို ယနေ့ ဇန်နဝါရီလ(၂၄)ရက်နေ့တွင်  ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီ၏ ဗိုလ်ကြီး အပါအဝင် (၅)ဦးသေကြောင်း ကနီ PDF က သတင်းထုတ်ပြန်လာသည်။

ရွာမှ ဆန်တက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်၏ ထောက်ပို့ရေယဉ်များကို မုဋ္ဌောရွာနှင့် ညောင်ပင်ဝန်းရွာကြားတွင် KLG PDF၊ MPDF၊ Golden Triangle Forces၊ M&K The Boys  အစရှိသော ညီနောင်မဟာမိတ်အဖွဲများက တိုက်ခိုက်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ဇန်နဝါရီလ(၂၂)ရက်နေ့ကလည်း မုံရွာမှဆန်တက်လာသည့် ထောက်ပို့ရေယာဉ်များကို ချိုင်နှင့် မုဋ္ဌောကြားတွင်  KLG PDF၊ MPDF၊Golden Triangle Forces၊ M&K The Boys အစရှိသော ညီနောင်မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့သေးသည်။


Tachileik News Agency 

မုံရွာမှဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ထေက်ပို့ရေယာဉ်ကို ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက် မုံရွာမှဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ထေက်ပို့ရေယာဉ်ကို ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက် Reviewed by THITHTOOLWIN on 19:50 Rating: 5

No comments:

Powered by Blogger.