ပေါက်မြို့နယ် သစ်ညီနောင်ရွာက ပြည်သူတွေနေအိမ် များကို စစ်တပ်နှင့်ပျူစောထီးများကဝင်ရောက်ဖျက်ဆီးကာ ပစ္စည်းများလုယူ

ဓာတ်ပုံ-CJ

ဇန်နဝါရီ ၂၃ ရက်

မကွေးတိုင်းဘ ပေါက်မြို့နယ်၊ သစ်ညီနောင်ကျေးရွာမှ ပြည်သူများ၏ နေအိမ်များကို စစ်ကောင်စီနှင့်ပျူစောထီးများက ဇန်နဝါရီလ ၂၂ရက်နေ့ နေ့လည်ပိုင်းတွင် ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်းဒေသခံများထံကသိရသည်။

အဆိုပါဒေသခံပြည်သူများ၏ ပိုင်ဆိုင်သည့် နေအိမ်​များမှ အစားအသောက်များနှင့် အိမ်မွေးတိရိစ္ဆာန်များနှင့် ရွှေ၊ငွေ၊လက်ဝတ်ရတနာများကို စစ်တပ်နှင့်ပျူစောထီးများက အင်အားအများအပြားဖြင့် အဓမ္မလုယူသွားကြောင်း ဒေသခံများကဆိုသည်။

အလားတူ ဇန်နဝါရီလ ၂၂ ရက်နေ့တွင်လည် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာ၊ မဘသခေါင်းဆောင် ကံကြီးကုန်းကျောင်းထိုင်ဘုန်းကြီး နန္ဒာစာရ ဦးဆောင်ကာ စစ်ကောင်စီနှင့်ပူးပေါင်းပြီး ဒေသခံများ၏ နေအိမ်တွကို ဝင်ရောက်ဖျက်စီး ဓာမြတိုက်မှုများပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။


Ayeyarwaddy Times 

ပေါက်မြို့နယ် သစ်ညီနောင်ရွာက ပြည်သူတွေနေအိမ် များကို စစ်တပ်နှင့်ပျူစောထီးများကဝင်ရောက်ဖျက်ဆီးကာ ပစ္စည်းများလုယူ ပေါက်မြို့နယ် သစ်ညီနောင်ရွာက ပြည်သူတွေနေအိမ် များကို စစ်တပ်နှင့်ပျူစောထီးများကဝင်ရောက်ဖျက်ဆီးကာ ပစ္စည်းများလုယူ Reviewed by THITHTOOLWIN on 22:32 Rating: 5

No comments:

Powered by Blogger.