ဘုတလင်၊ ဇန်နဝါရီ ၁၄၊ ၂၀၂၂။
ဒီကနေ့ နေ့လည် ၁ နာရီလောက်က စစ်ကိုင်းတိုင်းဒေသကြီး ၊ ဘုတလင်မြို့နယ် ဘုတလင်-ကနဲလမ်းမှာ ရန်ကုန်က ပြန်လာတဲ့ ခရီးသည်ယာဉ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ တည့်တည့်ပစ်ခတ်ခဲ့လို့ ခရီးသည် အမျိုးသမီး ၆ ဦး ဒဏ်ရရပြီး နှစ်ဦးမှာ အလွန်စိုးရိမ်ရတယ်လို့ ၎င်းကားပေါ် ပါလာတဲ့ ခရီးသည်က ပြောပါတယ်။
"ကျမတို့ စီးလာတဲ့ လိုက်ထရပ် ကားပေါ်အလယ်တည့်တည့်ကို ကျလာတာရှင့်၊ ဗုံးကြီးကတော့ ပေါက်ကွဲတော့မှာဘဲလို့ ကျမပြောသေးတယ်၊ နောက်ပြီး ပေါက်ကွဲတော့တာ၊ ကျမလဲ တောင်ဘက်တိုးဝပ်နေလိုက်တယ်ရှင့်၊ညတလုံးထဲရှင့်။ "လို့ ခရီးသည်ယာဉ်ပေါ်က အမျိုးသမီးက ပြောပါတယ်။
ရန်ကုန်ကနေ ဇာတီရွာကို ပြန်လာတဲ့ ခရီးသည်ယာဉ် Light Truck ကား မှာ ခရီးသည် ၂၀ ဦး ပါဝင်ပြီး လက်နက်ကြီးထိမှန်ပြီး စိုးရိမ်ရတဲ့ အမျိုးသမီး၂ ဦးမှာ တဦးက အခုချိန်အထီ သတိမရသေးဘူးလို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment