လွိုင်ကော်မြို့ကို တိုက်လေယာဉ် နှစ်စီးသုံးပြီး လေကြောင်းဖြင့် တိုက်ခိုက်နေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်တွေကို စစ်ကောင်စီတပ်က ဒီကနေ့(ဇန်နဝါရီလ ၁၁ရက်) ညနေ ၅နာရီ ၄၅မိနစ်မှာ တိုက်လေယာဉ်နှစ်စီးဖြင့် လေကြောင်းကနေ ထပ်မံ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“၄နာရီ ၄၅မိနစ်ဝန်းကျင်လောက်မှာ လေယာဉ်ဝဲပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ မိုင်းလုံးဖက်တစ်ကြောကို ပစ်ခတ်နေတယ်။”လို့ လွိုင်ကော်မြို့ခံ တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကိုပြောပါတယ်။

ဒီကနေ့  မိုင်းလုံး၊ ပန်းကန်းတစ်ကြောမှာ ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇန်နဝါရီလ ၈ ရက်နေ့ လွိုင်ကော်မြို့ပေါ်တိုက်ပွဲမှာလည်း စစ်ကောင်စီက တိုက်လေယာဉ်နှစ်စီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

Kantarawaddy Times 

လွိုင်ကော်မြို့ကို တိုက်လေယာဉ် နှစ်စီးသုံးပြီး လေကြောင်းဖြင့် တိုက်ခိုက်နေ လွိုင်ကော်မြို့ကို တိုက်လေယာဉ် နှစ်စီးသုံးပြီး လေကြောင်းဖြင့် တိုက်ခိုက်နေ Reviewed by THITHTOOLWIN on 22:12 Rating: 5

No comments:

Powered by Blogger.