သံပုရာကုန်းရွာမှထွက်လာသော စကစခြေလျင်တပ်အား မိုးတားပကဖတပ်မှ မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်သား (၇) ဦးပွဲချင်းပြီးသေဆုံး


ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မြို့လှတပ်ရင်းနယ်၊ မိုးတားလေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မိုးတားပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ညနေ ၃ နာရီ ၃၀ မိနစ်ခန့်၌ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ 

သံပုရာကုန်းရွာတွင် တပ်ထိုင်ထားသော စကစအင်အား (၅၀) ခန့်သည် သင်္ဘောလုံခြုံရေးယူပြီးနောက် မိုးတားလေးရွာရှိ စကစအင်အား (၄၀) ခန့်ဖြင့်ပေါင်းစည်းရန် ခြေလျင်ထွက်ခွာစဥ် ဘူတာစုကျွန်းအနီး၌ ဗိုလ်သာလိကာဦးဆောင်သော မိုးတားပကဖတပ်ဖွဲ့မှ မိုင်း (၇) လုံးဖြင့် စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စကစတပ်သား (၇) ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း မြို့လှ PDF ကထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စကစဘက်မှ လက်နက်ကြီးများဖြင့် တရစပ်ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ရွှေကူမြိုမှစုန်ဆင်းလာသော သင်္ဘော ၂ စီးသည်  ကသာအထက်ဖက် သံပုရာကုန်းရွာအနီး မနေ့က သောင်တင်နေပြီး  ယနေ့ မွန်းလွဲပိုင်းတွင် ကသာမြို့သို့ ဆက်လက်စုန်ဆင်းခဲ့စဥ်ကသာမြို့အနီးရှိ နလယ်အင်း၊ မိဿလင်း၊ စေတီကုန်း၊ ပိန္နဲကုန်း စတဲ့ကျေးရွာမြစ်ကမ်းများအား စကစသင်္ဘောမှ စက်သေနပ်၊ စလိုက်ဘာ၊ လက်နက်ကြီးတချို့တို့ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် မြစ်ကမ်းတလျောက်ရှိ ကျေးရွာနေပြည်များ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။


PDF Newsflash

သံပုရာကုန်းရွာမှထွက်လာသော စကစခြေလျင်တပ်အား မိုးတားပကဖတပ်မှ မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်သား (၇) ဦးပွဲချင်းပြီးသေဆုံး သံပုရာကုန်းရွာမှထွက်လာသော စကစခြေလျင်တပ်အား မိုးတားပကဖတပ်မှ မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်သား (၇) ဦးပွဲချင်းပြီးသေဆုံး Reviewed by THITHTOOLWIN on 22:55 Rating: 5

No comments:

Powered by Blogger.