ရန်ကုန်၊ ဇန်နဝါရီလ ၁၄ ရက်နေ့၊ ၂၀၂၂
သာကေတမြို့နယ် ၁၀/ တောင်ရပ်ကွက်မှာ လက်နက်များဖမ်းဆီးပေးရာမှာ ပါဝင်ခဲ့တဲ့ ရာအိမ်မှုးတဦး ဒီကနေ့ မနက်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။သာကေတမြို့နယ် ၁၀/တောင် ရပ်ကွက် သလ္လာဝတီ ၃ လမ်းမှာ ယနေ့ နံနက် ၁၀ နာရီက နေအိမ်တစ်အိမ်မှာ လက်နက်များနှင့်ဖောက်ခွဲရေးပစွည်းများ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးပေးရာမှာ သတင်းပေးခဲ့တဲ့ စစ်ကောင်စီခန့် ရာအိမ်မှုးဦးလှသွင်ကိုအမည်မသိသူတဦးက သေနတ်နဲ့သုံးချက်ပစ်ခတ်ခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"ညကတည်းက ၁၀/တောင် ရပ်ကွက်ကို မွှေနေတာ။ စစ်တပ်က ဒီနေ့ မနက်လည်း ထပ်လာတယ် ပြီးတော့ လက်နက်တွေ အများကြီးမိသွားတယ်။ နာရီဝက်လောက်မှာ ၁၀/တောင် ၁၃ ရပ်ကွက် ဆယ်အိမ်မှုး အပစ်ခံရတာ"ဟု ပြောပါတယ်။
သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက် သလ္လာဝတီ ၃လမ်းက နေအိမ်တစ်အိမ်မှ စစ်တပ်နဲ့ရဲတွေဟာ သေနတ် ၅ လက် ကျည်အိမ်များ ဖောက်ခွဲရေးပစွည်းများကို သိမ်းဆည်းသွားကြောင်း ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရသူ ရာအိမ်မှုးဦးလှသွင်မှာ ဒဏ်ရာသုံးချက်ရရှိကာ စစ်ဆေးရုံကို ပို့ဆောင်ထားပြီး အခြေအနေစိုးရိမ်ရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရန်ကုန်တိုင်း တောင်ဥက္ကလာမြို့နယ်နဲ့ရွှေပေါက်ကံမြို့တွေမှာ သတင်းပေးဒလန်တွေကြောင့် PDF တချို့ကို လက်နက်တွေနဲ့ စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးခဲ့ပါသေးတယ်။
Salween Press
No comments:
Post a Comment