စစ်ကောင်စီတပ်က သတင်းထောက် ပူးသွီဒင်းရဲ့ လျှာ၊ လက်ချောင်းနဲ့ လည်ပင်းကိုလှီးကာ သတ်ဖြတ်ခဲ့


ချင်းပြည်နယ်၊ မတူပီမြို့နယ် မတူပီ-ဟားခါးလမ်းပေါ်မှာ ဇန်နဝါရီလ ၈ ရက်က အာဏာသိမ်းစစ်ကောင်စီတပ်က Khonumthung သတင်းထောက် ပူးသွီဒင်း (Pu Tui Dim) အပါအဝင် ၁၀ ယောက်ကို နှိက်စက်ပြီးသတ်ဖြတ်သွားတယ်လို့သတင်းရရှိပါတယ်။ 

ပူးသွီဒင်း ရဲ့အလောင်းကို CDF-Matupi နဲ့ ဒေသခံပြည်သူတွေက ပြန်လည်တွေ့ရှိတဲ့ချိန်မှာ လက်နောက်ပြန်ကြိုးတုတ်ပြီးမှ မျက်စိ နဲ့ ပါးစပ်ကိုလည်း အဝတ်စနဲ့စည်းထားတာတွေ့ကြပါတယ်။ 

အလောင်းပေါ်မှာတွေ့ရှိတဲ့ ဒဏ်ရာတွေကတော့ ညာဘက်လက်ချောင်းအားလုံး အဖြတ်ခံရတဲ့အပြင် လျှာနဲ့ အောက် မေးစေ့ကိုလည်းဖြတ်ထားကြပါတယ်။

ပြီးတော့ လည်ပင်းကို ဓားနဲ့ဖြတ်ထားကြပါတယ်လို့ CDF-Matupi ထံကသိရတယ်။

ပူးသွီဒင်းအပါအဝင် အသတ်ခံရတဲ့ ပြည်သူ ၁၀ ယောက်ရဲ့အလောင်းကို ဒေသခံပြည်သူတွေက မြေမြုပ်သဂြိုလ်ပေးကြပါတယ်။


Zalen 

စစ်ကောင်စီတပ်က သတင်းထောက် ပူးသွီဒင်းရဲ့ လျှာ၊ လက်ချောင်းနဲ့ လည်ပင်းကိုလှီးကာ သတ်ဖြတ်ခဲ့ စစ်ကောင်စီတပ်က သတင်းထောက် ပူးသွီဒင်းရဲ့ လျှာ၊ လက်ချောင်းနဲ့ လည်ပင်းကိုလှီးကာ သတ်ဖြတ်ခဲ့ Reviewed by THITHTOOLWIN on 20:53 Rating: 5

No comments:

Powered by Blogger.