ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာပေါင်း ၂၇ ရွာမှ လူပေါင်းနှစ်သောင်းကျော် စစ်ဘေးရှောင်နေရ


၂၃၊ဇန်နဝါရီ၊၂၀၂၂။

ကေအဲန်ယူ-ကော့ကရိတ်မြို့နယ်အတွင်း ဇန်နဝါရီလ(၇)ရက်နေ့မှ (၂၃)ရက်အနေ့အထိ စစ်ကောင်စီက နယ်မြေကျူးကျော် ထိုးစစ်ဆင်မှုကြောင့်  ကျေးရွာပေါင်း(၂၇)ရွာမှ လူပေါင်းနှစ်သောင်းကျော် စစ်ဘေးရှောင်နေရသည်။

ထို့အပြင် စစ်ကောင်စီက လူနေကျေးရွာများအတွင်း လေယာဉ်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ရွာသား(၁၂)ဦး ဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့သည်။ 

လက်ရှိအချိန်တွင် စစ်ကောင်စီ တပ်များသည် လူနေရွာများအတွင်း တပ်စခန်းချ၍ ရွာသားပိုင် ပစ္စည်းများကို ယူဆောင်ခြင်း၊ နေအိမ်များ မီးရှို့ခြင်းများပြုလုပ်သည့်အပြင် ဖမ်းမိသည့် ရွာသားများကို နှိပ်စက်စစ်ဆေးခြင်းများ ပြုလုပ်နေသဖြင့် ရွာသားများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

လက်ရှိအချိန်တွင် ဒေသတွင်း စစ်ရှောင်ဦးရေ နှစ်သောင်းကျော်လာပြီဖြစ်သည့်အတွက် အရေးပေါ်ထောက်ပံ့ကူညီမှုများ လိုအပ်နေသည်။

စစ်ရှောင်နေရသည့် ကျေးရွာများမှာ ကော့နွဲ၊ ကမိုင်ကုန်း၊ ရွာသစ်ကုန်း၊ မြို့ဟောင်း၊ အံကလော်၊ တတန်ကူး၊ ကျောက်စရစ်ကုန်း၊ ကထို့ထ၊ ရွာသစ်(မောင်းမ)၊ သာယာကုန်း၊ ကြောင်လျှာကုန်း၊ ဖန်ခါးကုန်း၊ အံဖကြီး၊ အံဖလေး၊  ရွာတန်းရှည်၊ ကြာအင်းကုန်း၊ နောင်နိုင်း၊ နန်းရွေမှုံ၊ အောင်လှိုင်၊ တဝေါသော၊ စက္ကဝက်၊ သုံးဆယ့်သုံးဆူ၊  ကျိုက်သလိုက်၊ ဘော့ဒိုင်း၊ ဒေါက်ပလံ၊ ခုဒုံ၊ ဆံဖလား တို့ဖြစ်သည်။

ဒဏ်ရာရရှိသူများမှာ မြို့ဟောင်းရွာနေ နော်သဇင်ဦး(၁၄)နှစ်၊ ဒေါ်အေးမြ(၆၅)နှစ်၊ ဒေါ်မေပေ(၆၀)နှစ်၊ ဦးငွေရီ(၆၇)နှစ်၊ နော်မုဒါးချေ(၃၂)နှစ်၊ နော်အေးမူ(၂၁)နှစ်၊ မိုးဝသန်(၁၀)နှစ်၊ မအနွေး(၁၃)နှစ်၊ မောင်းမရွာသစ် ကျေးရွာနေ စောပန်းအောင်(၆၄)နှစ်၊ ဦးကွေနု(၆၄)နှစ်၊ ဦးအလီ(၅၂)နှစ်၊ ကမိုင်ကုန်းရွာနေ တင်ထွန်းနိုင်(၁၇) နှစ်  ဖြစ်ပြီး သေဆုံးသူမှာ ရွေ့ပြောင်းလုပ်သား ဖိုးပြည့်(၁၇)နှစ်ဖြစ်သည်။


သတင်းမှတ်တမ်း

စည်းရုံးရေး နှင့် ပြန်ကြားရေး ဌာန

ဒူးပလာယာခရိုင်


ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာပေါင်း ၂၇ ရွာမှ လူပေါင်းနှစ်သောင်းကျော် စစ်ဘေးရှောင်နေရ ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာပေါင်း ၂၇ ရွာမှ လူပေါင်းနှစ်သောင်းကျော် စစ်ဘေးရှောင်နေရ Reviewed by THITHTOOLWIN on 01:04 Rating: 5

No comments:

Powered by Blogger.