ရဲစခန်းကထွက်ပြေးသွားတဲ့ ရဲတဦးကို စစ်ကောင်စီကသေနတ်တွေပစ်ဖောက်ပြီးလိုက်ရှာနေ



ကမ္မ၊ ဇန်နဝါရီ ၁၉၊ ၂၀၂၂။

ပခုက္ကူမြို့နယ်ထဲမှာ ဒီနေ့မနက်ပိုင်းက ရဲတပ်သားတဦး လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးသွားလို့ စစ်ကောင်စီတပ်တွေ ပိုက်စိပ်တိုက်ပြီး လိုက်ရှာနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ 

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း ကမ္မမြို့အနောက်ဘက်၊ သာကြီးတောင် ရဲစခန်းက ရဲတပ်သားတဦးဖြစ်ပြီး ဇန်နဝါရီလ ၁၉ ရက် ဒီနေ့မနက် ၁၀ နာရီကျော်မှာ ထွက်ပြေးသွားတယ်လို့သိရကြောင်း Pakokku Revolution Frontတာဝန်ခံကပြောပါတယ်။ 

“ကမ္မမြို့အနောက်ဘက်မှာရှိတဲ့သာကြီးတောင်ရေနံမြေ ရဲ ၁ ယောက်လက်နက်အပြည့်အစုံနဲ့ထွက်ပြေးတယ်လို့ ကြားရတယ်၊ လောလောဆယ် အဲဒီနားဝန်းကျင်မှာ ဒီကောင်တွေ ရှာတော့ရှာနေကြတယ်၊ အခုထိတော့မတွေ့သေးဘူး၊ “ လို့ ပြောပါတယ်။ 

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်သားတွေက ကမ္မမြို့တဝိုက်မှာ FAW ကားနဲ့ လိုက်ရှာနေပြီး သေနတ်တွေလည်း ပစ်ဖောက်နေကြတယ်လို့ သိရပါတယ်။ 


မြေလတ်အသံ - Myaelatt Athan

ရဲစခန်းကထွက်ပြေးသွားတဲ့ ရဲတဦးကို စစ်ကောင်စီကသေနတ်တွေပစ်ဖောက်ပြီးလိုက်ရှာနေ ရဲစခန်းကထွက်ပြေးသွားတဲ့ ရဲတဦးကို စစ်ကောင်စီကသေနတ်တွေပစ်ဖောက်ပြီးလိုက်ရှာနေ Reviewed by THITHTOOLWIN on 19:53 Rating: 5

No comments:

Powered by Blogger.