မော်လူးဒေသတွင် ပရဟိတဆေးခန်း ဖွင့်လှစ်ထားသည့် ဆရာမနှစ်ဦးကို စကစ ရဲတပ်ဖွဲ့က ဖမ်းဆီး


ဇန်နဝါရီ - ၁၅ 

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူးဒေသတွင် ပရဟိတဆေးခန်းဖွင့်လှစ်ထားသည့် ဆရာမနှစ်ဦးကို ယနေ့ ဇန်နဝါရီလ (၁၅)ရက် နံနက်ပိုင်းတွင် စကစ ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားကြောင်း Indaw Revolution က သတင်းထုတ်ပြန်သည်။ 

နံနက် (၁၁)နာရီခွဲခန့်တွင် အဆိုပါ ဆရာမနှစ်ဦးကို လက်ထပ်ခတ်ကာ ဖမ်းဆီးသွားကြခြင်းဖြစ်ပြီး ဖမ်းဆီးရသည့်အကြောင်းနှင့် မည်သည့်နေရာကို ခေါ်ဆောင်သွားကြောင်း မသိရသေးဟု ယင်းအဖွဲ့က ဆိုသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ဇန်နဝါရီလ (၁၄) ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၈,၆၀၃) ဦးရှိပြီး ၎င်းတို့အနက်  (၆၀၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 


Mandalay Free Press - MFP

မော်လူးဒေသတွင် ပရဟိတဆေးခန်း ဖွင့်လှစ်ထားသည့် ဆရာမနှစ်ဦးကို စကစ ရဲတပ်ဖွဲ့က ဖမ်းဆီး မော်လူးဒေသတွင် ပရဟိတဆေးခန်း ဖွင့်လှစ်ထားသည့် ဆရာမနှစ်ဦးကို စကစ ရဲတပ်ဖွဲ့က ဖမ်းဆီး Reviewed by THITHTOOLWIN on 20:06 Rating: 5

No comments:

Powered by Blogger.