ဒီပဲယင်း ယဉ်ကျေးရွာအား စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်ပြီး ဝင်စီးမီးရှို့


မဲခေါင်၊ ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ ယဉ်ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီအဖွဲ့များက ယမန်နေ့ ( ဇန်နဝါရီ ၁၄) တွင် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ကာ ကျေးရွာအတွင်း ဝင်ရောက်စီးနင်းပြီး ကားနှင့်ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ညနေပိုင်းတွင် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီးနောက် မြေပြင်တပ်များက ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ပြီး ယဉ်ကျေးရွာတောရဘုန်းကြီးကျောင်းတခုလည်း ရဟတ်ယာဉ်ဖြင့်ပစ်ခတ်တိုက်ခိုက်မှုတွင် ပျက်ဆီးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်များသည် PDF များအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း လေကြောင်းနှင့်လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်နေပြီး ရေဦး၊ခင်ဦး၊ ယင်းမာပင်နှင့် ပုလဲမြို့နယ်များတွင်လည်း အပြင်းအထန်တိုက်ခိုက်နေသည်။

လေကြောင်းနှင့်မြေပြင်လက်နက်ကြီး ပစ်ကူများကြောင့် PDF စခန်းများလက်လွတ်ခဲ့ရပြီး ဖမ်းဆီးခံရမှုများလည်းရှိသည်။ စစ်ကောင်စီ၏ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံကျေးရွာပြည်သူ ထောင်နှင့်ချီထွက်ပြေးနေရသည်။


MeKong News - မဲခေါင်သတင်း

ဒီပဲယင်း ယဉ်ကျေးရွာအား စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်ပြီး ဝင်စီးမီးရှို့ ဒီပဲယင်း ယဉ်ကျေးရွာအား စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်ပြီး ဝင်စီးမီးရှို့ Reviewed by THITHTOOLWIN on 19:16 Rating: 5

No comments:

Powered by Blogger.