ပြည်သူနေအိမ်တွေမှာ ပစ္စည်းခိုးယူနေတဲ့ သူခိုးတစ်ဦး ဖမ်းမိ


ဒီကနေ့(ဇန်နဝါရီ ၁၈)ရက် မနက်ပိုင်း ၁၀နာရီခွဲ အချိန်မှာ ပြည်သူတွေရဲ့ နေအိမ်မှာ ပစ္စည်းခိုးယူနေတဲ့ သူခိုးတစ်ယောက်ဖမ်းမိခဲ့တယ်လို့  ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)က သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုလင်းလင်းက ပြောပါတယ်။

“ ဒီ ဒေါဥခူ အနောက်ပိုင်းရပ်ကွက်လောက်မှာကျမယ်။ အဲ့ဒီမှာ ကျနော်တို့ ဒီနယ်မြေရှင်းလင်းရေးလုပ်ရင်းနဲ့ပေါ့။ ကင်းတွေ ဘာတွေ ကျနော်တို့ ချရင်းနဲ့ အဲ့ဒီမှာ အဲ့ဒီအိမ်မှာကလည်း အိမ်ပိုင်ရှင်ရှိတယ်။ ဖြစ်ချင်တော့ ကျနော်တို့ ရောက်သွားတဲ့ချိန်နဲ့ ကွက်တိ တိုးသွားတာပေါ့နော။ အဲ့မှာ သူက ဆိုင်ကယ်ကို ခိုးနေတာ။သူက ဆိုင်ကယ်တစ်စီးခိုးနေတော့ အိမ်ရှင်ကနေပြီး လိုက်တားတော့ အိမ်ရှင်ကို သူဒုတ်နဲ့ တစ်ချက်လောက်ရိုက်တယ်။ ရိုက်တဲ့အချိန်မှာ ကျနော်တို့က အတင်းဝင်ဖမ်းရင်းနဲ့ တစ်ယောက်ပဲမိခဲ့တယ်။ သူတို့လာခိုးတာတော့ နှစ်ယောက် လာခိုးတာပေါ့။ တစ်ယောက်မိတယ် တစ်ယောက်ကတော့ ထွက်ပြေးသွားတာပေါ့နော။“ 

ဖမ်းမိထားတဲ့သူကို KDF ကနေပြီးတော့ ကရင်နီပြည်နယ် ရဲတပ်ဖွဲ့(KSP) ထံကို ဒီကနေ့ မှာပဲ လွဲပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်။ လွိုင်ကော်မြို့မှာဆိုရင် တိုက်ပွဲကြောင့် ပြည်သူတွေ  စစ်ဘေးရှောင်နေကြရပြီး ပြည်သူတွေရဲ့ ပစ္စည်းတွေကို လိုက်လံခိုးယူနေတဲ့ မဿမာသူတွေလည်း ရှိနေပါတယ်။

တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့ ကရင်နီပြည်နယ်အတွင်းမှာ ဒေသခံပြည်သူတွေက အိုးအိမ်စွန့်ခွာ ထွက်ပြေး နေကြရတာပါ။ 

ဒီလိုအခြေအနေကို အခွင့်ကောင်းယူကြတဲ့ မသာမာသူတွေက ပြည်သူတွေရဲ့ နေအိမ်ကို ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းတွေကို ခိုးယူနေတာတွေ ရှိနေပါတယ်။ မဿမာသူတွေကို KNDFအနေနဲ့ ထိထိရောက်ရောက် အရေးယူမယ်လို့ လည်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ကနေပြီး ဇန်နဝါရီလ(၁၀)ရက်နေ့မှာ ထုတ်ပြန်ထားတာလည်း ရှိပါတယ်။

ဒီကနေ့မှာဆိုရင်လည်း လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီဖက် လက်နက်ကြီးတွေ ထုနေတဲ့အတွက် ပြည်သူတွေရဲ့ နေအိမ်တချို့ ပျက်စီးတာတွေလည်း ရှိနေပါတယ်။


Kantarawaddy Times 

ပြည်သူနေအိမ်တွေမှာ ပစ္စည်းခိုးယူနေတဲ့ သူခိုးတစ်ဦး ဖမ်းမိ ပြည်သူနေအိမ်တွေမှာ ပစ္စည်းခိုးယူနေတဲ့ သူခိုးတစ်ဦး ဖမ်းမိ Reviewed by THITHTOOLWIN on 22:32 Rating: 5

No comments:

Powered by Blogger.