ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများကိုမီးရှို့ရာတွင် ပါဝင်ခဲ့သူ ပျူစောထီး ၂ ဦးသေနတ်ဖြင့်ပစ်သတ်ခံရ


ပေါက်၊ ဇန်နဝါရီ ၂၄၊ ၂၀၂၂။

ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီနဲ့ပေါင်း၍ မီးရှို့မှုများပြုလုပ်ခဲ့သော ကျအိုးရွာသား ပျူစောထီး ၂ ဦးအား ဇန်နဝါရီလ ၂၄ ရက်နေ့က သေနတ်နှင့်ပစ်သတ်ရှင်းခဲ့ကြောင်း King Fight SGF ထံကသိရသည်။ မတ်သံလုံက မြေလတ်အသံသို့ပြောပါတယ်။

နေ့လည် ၁၁ နာရီဝန်းကျင်ခန့်က ပျူစောထီးများဖြစ်သော ဥာဏ်လွင်နှင့် ဖိုးထူး တို့ ၂ ဦးတို့အား နေအိမ်များတွင် ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ပျူတွေကလမ်းပြနေတာကြောင့် စစ်ကောင်စီက စစ်ကြောင်းထိုးပြီး ဒီဘက်မှာရွာတွေကိုမီးရှို့ဖျက်ဆီးနေတာဗျ၊ အဲဒါကြောင့်စစ်တပ်ဘောမနေတဲ့ ပျူစောထီးတွေကိုလိုက်ရှင်းနေတာပါ၊ ဒီနေ့ရှင်းခဲ့တာပါ၊ ကျနော်တို့သေနတ်နဲ့ပစ်သတ်ခဲ့တာပါ၊ တယောက်ကို တချက်နဲ့ နှစ်ချက်ပစ်သတ်ခဲ့တာ" ဟု King Fight SGF မတ်သံလုံ ကပြောသည်။

အဆိုပါပစ်ခတ်မှုကို မဟာမိတ်ပူးပေါင်း ၂ ဖွဲ့ဖြစ်သော Southern Pauk People's Defense Force အဖွဲ့နှင့် King Fight SGF တို့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မီးရှို့ခံရမှုကြောင့် ကျေးရွာများရှိဒေသခံများနှင့် ပစ္စည်းဆုံးရှုံးနစ်နာမှုများရှိခဲ့သည်။


မြေလတ်အသံ - Myaelatt Athan

ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများကိုမီးရှို့ရာတွင် ပါဝင်ခဲ့သူ ပျူစောထီး ၂ ဦးသေနတ်ဖြင့်ပစ်သတ်ခံရ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများကိုမီးရှို့ရာတွင် ပါဝင်ခဲ့သူ ပျူစောထီး ၂ ဦးသေနတ်ဖြင့်ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 20:03 Rating: 5

No comments:

Powered by Blogger.