ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီအမံကို ပြည်သူ့ညီလာခံက အတည်ပြု



မော်လမြိုင်၊ ဇန်နဝါရီ ၃၀

သုံးရက်တာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်သူ့ညီလာခံကနေ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံကို အတည်ပြုလိုက်ကြောင်း ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ဦးစီးကျင်းပနေတဲ့ ပြည်သူ့ညီလာခံမှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အစိတ်အပိုင်း(၁)နှင့် အစိတ်အပိုင်း(၂)ကိုလည်း အတည်ပြုခဲ့ပါတယ်။

ယင်းဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အ အစိတ်အပိုင်း(၁)နှင့် (၂)ကိုမူ လတ်တလောမှာ မချပြသေးဘဲ အချောသတ်ပြင်ဆင်ပြီး မကြာခင်မှာ အများထံသို့ ပေးပို့ချပြမယ်လို့ NUCC က ပြောပါတယ်။ 

ပြည်သူ့ညီလာခံကနေ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီကို အစုအဖွဲ့(၅)ခုအား ကိုယ်စားပြုသည့် အစုအဖွဲ့ဝင် အဖွဲ့အစည်း (၃၃)ခုဖြင့် ဖွဲ့စည်းမှုကို အတည်ပြုခဲ့ပါတယ်။

သတင်း - သံလွင်တိုင်းမ် / Than Lwin Times 


ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီအမံကို ပြည်သူ့ညီလာခံက အတည်ပြု ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီအမံကို ပြည်သူ့ညီလာခံက အတည်ပြု Reviewed by THITHTOOLWIN on 16:36 Rating: 5

No comments:

Powered by Blogger.