မြိုင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး

မြိုင်၊ဇန်နဝါရီ ၃၀၊ ၂၀၂၂။

မြိုင်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ ဇန်နဝါရီ ၂၉ ရက် မနေ့က ညနေ ၄ နာရီလောက်က မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

အင်အား ၁၀၀ ကျော်ပါတဲ့ အဲ့ဒီစစ်ကောင်စီတပ်တွေကို မကွေးတိုင်း၊ ပေါက်မြို့နဲ့မြိုင်မြို့အစပ်ရှိ သပြေညိုရေနံမှော်နဲ့ ရေကားရေနံမှော်ကြားမှာ မိုင်း ၄ လုံးဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့  Myaing People's Defence Team တာဝန်ခံက ပြောပါတယ်။

“မနေ့ည‌နေတုန်းက ၄ နာရီနဲ့ ၅ နာရီကြားမှာတိုက်ခိုက်ခဲ့တာပါ၊မိုင်း ၄ လုံးဆွဲခဲ့တာပါဗျ၊အင်အားကတော့ ဒီကောင်တွေကလက်ကျန်အင်အားဆိုတော့ ၁၀၀နဲ့ ၁၁၀ လောက်ပါတယ်၊ စစ်သား ၂ ယောက်သေပြီး အများအပြား ဒဏ်ရာရတယ်၊” လို့ပြောပါတယ်။ 

Myaing People's Defence Team ဟာ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး မနေ့ကညနေ ၂နာရီကလည်း မြိုင်မြို့နယ်၊ လင်းကတောရဲစခန်းကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

မြေလတ်အသံ - Myaelatt Athan 

မြိုင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး မြိုင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 18:20 Rating: 5

No comments:

Powered by Blogger.