လွိုင်ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာ နှင့် ခလရ ၂၅၁ တပ်ရင်းအနီး တို့တွင် တိုက်ပွဲများဖြစ်ပွား စစ်ကောင်စီတပ်သား ၆ ဦးသေ
ဓာတ်ပုံ - KNDF |
ဇန်နဝါရီ ၃၀ ရက်
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီ တပ် မတော်-KAနှင့် KNDFပူးပေါင်းအဖွဲ့များ ယနေ့နေ့လည် ၁၂ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့- KNDFက သတင်းထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေ ဆုံးခဲ့ကာ ဒဏ်ရာရရှိသူများပြားခဲ့ပြီး KNDF ဘက်မှ တပ် ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန် ဖော်ပြထားသည်။
ထို့ပြင် ယနေ့ နေ့လည် ၁၁ နာရီခွဲဝန်းကျင်ကလည်း လွိုင်ကော်မြို့ ခလရ ၂၅၁ တပ်ရင်းအနီးတွင် စစ်ကောင်စီတပ်နှင့်ကရင်နီမဟာမိတ်တပ်များတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှထိခိုက်မှုများရှိခဲ့ ကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ တပ်မ ၅၅ က လွိုင်ကော်မြို့ပေါ်ရှိ နာနတ်တောရပ်ကွက်နှင့် ဘာဒိုးကျေးရွာတို့ကို စစ် ကြောင်းထိုးနေပြီး အရပ်သားများကိုပစ်မှတ်ထားတိုက် ခိုက်နေကြောင်း ဖော်ပြပါရှိသည်။
Ayeyarwaddy Times
No comments:
Post a Comment