ဖာပွန်မြို့က ခရိုင်ရုံးမိုင်းဖြင့်ဖောက်ခွဲခံရ၊ အဆောက်အဦးတစ်ခုလုံးပျက်စီး

ဓာတ်ပုံ - ဖောက်ခွဲခံရသည့် ဖာပွန်မြို့က ခရိုင်ရုံး။ (Photos: Supplied) 

ဇန်နဝါရီလ ၈ ရက်နေ့၊ ၂၀၂၂ 

ကရင်ပြည်နယ် ဖာပွန်မြို့ပေါ်ရှိ ခရိုင်ရုံးကို ဇန်နဝါရီ ၇ ရက်နေ့ည ၈ နာရီမထိုးခင်မှာ အင်အားပြင်းမိုင်းဖြင့်ဖောက်ခွဲဖျက်စီးခံရတယ်လို့ ကရင်အမျိုးသားကာကွယ်ရေးတပ်မှူးတစ်ဦးကပြောပါတယ်။

"မိုင်းခွဲခံရလို့အဆောက်အဦးတစ်ခုလုံးပျက်စီးသွားတယ်။ ဒီမနက်မှာစစ်ကောင်စီတပ်ဖွဲ့တွင်လာရောက်စစ်ဆေးမှုတွေပြုလုပ်တာရှိတယ်။ ပြည်သူတွေကိုစစ်ဆေးမှုလည်းလုပ်တယ်" လို့ အဆိုပါတပ်မှူးကပြောပါတယ်။ 

ဇန်နဝါရီ ၈ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်မှာ ဖာပွန်မြို့ရပ်ကွက် ၃ မှာနေထိုင်တဲ့ကျေးရွာသား ဖိုးလိုး ဆိုသူကို စစ်ကောင်စီကဖမ်းဆီးပြီးနှိပ်စက်တာတွေလုပ်တယ်လို့ နီးစပ်ရာသတင်းရင်းမြစ်ကဆိုပါတယ်။ အဆိုပါရွာသားသည် ရိုးရိုးအရပ်သားတစ်ယောက်ဖြစ်တယ်လို့ဖာပွန်မြို့ခံတစ်ဦးကပြောပါတယ်။ 


Salween Press

ဖာပွန်မြို့က ခရိုင်ရုံးမိုင်းဖြင့်ဖောက်ခွဲခံရ၊ အဆောက်အဦးတစ်ခုလုံးပျက်စီး ဖာပွန်မြို့က ခရိုင်ရုံးမိုင်းဖြင့်ဖောက်ခွဲခံရ၊ အဆောက်အဦးတစ်ခုလုံးပျက်စီး Reviewed by THITHTOOLWIN on 00:50 Rating: 5

No comments:

Powered by Blogger.