ပုလောမြို့နယ်တွင် စစ်ကောင်စီ ဆီဘောက်ဆာယာဥ်တန်း ပစ်ခံတိုက်ခိုက်ခံရ စစ်ကော င်စီတပ်ဖွဲ့ဝင် နှစ် ဦးသေဆုံး
ဇန်နဝါရီ ၂၆
တနသာ်ရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ် ကျောင်ပုဇွန်တောင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ဆီဘောက်ဆာ ယာဥ်တန်းပါ စစ်ကား ၂၂ စီး တိုက်ခိုက်ခံရကြောင်း သိရပါသည်။
ဖြစ်စဥ်မှာ ဇန်နဝါရီလ ၂၆ ရက် နံနက် ၁:၃၀ မီနစ်အချိန်တွင် ထားဝယ် သရက်ချောင်း ဘက်မှ မြိတ်မြို့ဘက်သို့ ဦးတည်မောင်းနှင်လာသော ဆီဘောက်ဆာ ကား (၂၂) စီးပါ ယာဥ်တန်းကိုပုလောမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှသတင်းရရချင်းသွားရောက်ကာမိုင်းဆွဲရန်အချိန်မမှီသဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ပစ်ခတ်မှုဖြစ်စဥ်ကြောင့် စစ်ကောင်စီ၏ယာဥ်တန်းအဆုံး၌လိုက်ပါလာသောလုံခြုံရေးယာဥ်နှင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာစစ်ကောင်စီဘက် (၂) ဦးသေဆုံးခဲ့ပါသည်။
ထို့နောက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှရမ်းသန်း၍ပစ်ခတ်မှုကြောင့်အရပ်သားပြည်သူတစ်ဦးခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) PDF မှထုတ်ပြန်ထားပါသည်။
မျက်မှောက်ခေတ်
No comments:
Post a Comment