အရာတော်တွင်မိုင်းရှင်းရန်လာသောစစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်၊၁၂ ဦးသေပြီး ၈ ဦးဒဏ်ရာရဟုထုတ်ပြန်

(သ​ပြေညို​ပျောက်ကြားတပ်ဖွဲ့ဝင်များ​လေ့ကျင့်​နေစဥ်။ ဓါတ်ပုံ-TPN)

အရာတော်မြို့နယ်အတွင်း မိုင်းရှင်းလင်းရန်လာသော စစ်ကောင်စီတပ် ခြေလျင်စစ် ကြောင်းများအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က ယ​နေ့(ဇန်နဝါရီ ၇)ထုတ်ပြန်သည်။

ယနေ့နံနက် ၆ နာရီခွဲခန့်တွင် အရာတော်-မုံရွာလမ်းပိုင်းအတိုင်း ဝါးတန်းကျေးရွာအနောက်ဘက်သို့ မိုင်းရှင်းရန်ထွက်လာသော စစ်ကောင်စီ၏ချေလျင်တပ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ပထမအကြိမ်တိုက်ခိုက်သည့် ဝါးတန်းရွာအနောက်ဘက်တိုက်ခိုက်မှုတွင် ပဒေသာမိုင်း ၄ လုံးနှင့် ရှေ့ထွက်လက်နက်ကြီးတစ်ကြိမ် ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထို့အပြင် ဒုတိယအကြိမ်တိုက်ခိုက်မှုကို မန်ကျီးသုံးပင်ဘက်ထွက်သောစစ်ကြောင်းအား နံနက် ၈ နာရီ ၄၅ တွင် ပဒေသာမိုင်း ၃ လုံးဖြင့်ထပ်မံတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်မှုရှိသော်လည်း သပြေညိုတပ်နှင့် မဟာမိတ်တပ် ဖွဲ့ဝင်များအား တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်း အသိပေးထားသည်။

သို့သော် ဝါးတန်းကျေးရွာအနီးရောက်လာသော စစ်ကောင်စီတပ်များမှာ ရာဘာခြံ၌အလုပ်လုပ်နေသော အရပ်သားပြည်သူနှစ်ဦးကို အကြောင်းမဲ့ဖမ်းဆီးသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

အထက်ပါတိုက်ခိုက်မှုများကို သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing-PDF(A.B.N.PDF)၊ Knights Of The Red Land (KORL)ပြောက်ကျားတပ်ဖွဲ့၊ Ayardaw Falcon Force(AF2)၊ ပတ္တမြားညီနောင်ပြောက်ကျားတပ်ဖွဲ့တို့မှ ဦးဆောင်၍ M.R.T.Fတပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF)၊ တမန်တော်ပြောက်ကျားတပ်ဖွဲ့(APOSTLE) စသည့် ညီနောင် (၈)ဖွဲ့ မှ  ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။


People's Spring 

အရာတော်တွင်မိုင်းရှင်းရန်လာသောစစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်၊၁၂ ဦးသေပြီး ၈ ဦးဒဏ်ရာရဟုထုတ်ပြန် အရာတော်တွင်မိုင်းရှင်းရန်လာသောစစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်၊၁၂ ဦးသေပြီး ၈ ဦးဒဏ်ရာရဟုထုတ်ပြန် Reviewed by THITHTOOLWIN on 00:28 Rating: 5

No comments:

Powered by Blogger.