ရေဦးမှာ လွတ်လပ်ရေးနေ့ကျင်းပဖို့ရှိတဲ့ထွေအုပ်ရုံးခန်းမ ဗုံးပစ်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ ဒီနေ့ ဇန်နဝါရီလ ၄ ရက်၊လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပဖို့ရှိနေတဲ့ အထွေထွေအုပ်ချုပ်ရေးရုံးခန်းမကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဘက်က သတင်းထုတ်ပြန်လာပါတယ်။

စစ်ကောင်စီရဲ့လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားပြီး အခမ်းအနား မကျင်းပနိုင်အောင် ဟန့်တားတဲ့အနေနဲ့ ဒီနေ့ မနက် ၇ နာရီဝန်းကျင်မှာ အခုလိုပြုလုပ်တာလို့လည်း ဆိုပါတယ်။

ခါတိုင်းနှစ်တွေမှာ လွတ်လပ်ရေးနေ့ အခမ်းအနားကို မြို့ထဲမှာရှိတဲ့ လွတ်လပ်ရေးကျောက်တိုင်မှာ ကျင်းပလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ ထွေအုပ်ခန်းမမှာ ကျင်းပဖို့ ရှိနေချိန်မှာ အခုလို တိုက်ခိုက်မှု ပေါ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးပစ်ခံရအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အနီးပတ်ဝန်းကျင်ကို သေနတ် ၆ ချက်ထက်မနည်း ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

BBC Burmese 

ရေဦးမှာ လွတ်လပ်ရေးနေ့ကျင်းပဖို့ရှိတဲ့ထွေအုပ်ရုံးခန်းမ ဗုံးပစ်ခံရ ရေဦးမှာ လွတ်လပ်ရေးနေ့ကျင်းပဖို့ရှိတဲ့ထွေအုပ်ရုံးခန်းမ ဗုံးပစ်ခံရ Reviewed by THITHTOOLWIN on 17:37 Rating: 5

No comments:

Powered by Blogger.