လောင်းကစားဝိုင်းထောင်ပြီး ငါးဖမ်းလှေသမားတွေမှာ ငွေညှစ်နေတဲ့ လောင်းလုံးက သဘော့ဆိပ် ပျူစောထီးခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

တနင်္သာရီတိုင်းမ် ၊ ဇန်နဝါရီ ၁၁ 

လောင်းကစားဝိုင်း‌ထောင်ပြီး ငါးဖမ်းလှေသမားတွေဆီမှာ ငွေညှစ် ပိုက်ဆံရှာနေတဲ့ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာ အုပ်ချုပ်ရေးမှူးဆိုတဲ့ ပျူစောထီးခေါင်းဆောင် ဒီနေ့ ပစ်ခတ်ရှင်းလင်းခံလိုက်ရပါတယ်။ 

ပျူစောထီးခေါင်းဆောင်လည်းဖြစ် ကြံ့ခိုင်ရေးပါတီအမာခံတစ်ဦးလည်းဖြစ်တဲ့ ဦးလေးလေးဆိုသူကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LPDF)က ဇန်နဝါရီလ ၁၁ ရက် ညနေမှာ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ 

သဘော့ဆိပ်ကျေးရွာအုပ်စု ကမ်းပနီကျေးရွာ ဘောလုံးကွင်းမှာ ကြက်ဝိုင်းလုပ်နေတုန်း လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ LPDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

“သေနတ်ပစ်ခံရပြီးမှာ အရေးပေါ်ကားနဲ့သယ်သွားတယ်။ အခုတော့ သေသွားပြီဆိုပြီးကြားရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

အဲဒီဖြစ်စဉ်မှာ ပျူစေားထီးအဖွဲ့ဝင်တွေနဲ့ LPDF အဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဦးလေးလေးရဲ့ဗိုက်ကို ကျည်သုံးချက်ထိမှန်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ LPDF အဖွဲ့ဝင်တွေကတော့ ထိခိုက်မူမရှိဘူးလို့ဆိုပါတယ်။ 

ဦးလေးလေးဟာ ကြံ့ခိုင်ရေးပါတီ အမာခံတစ်ဦးဖြစ်သလို မဘသ အဖွဲ့တွေနဲ့ပေါင်းပြီး စစ်တပ်ထောက်ခံပွဲတွေကို ဦးဆောင်တဲ့သူလည်းဖြစ်ပါတယ်။ သူဟာ ထားဝယ်ဒေသခံလည်းမဟုတ်ပါဘူး။ 

သူမတိုင်ခင်က သဘော့ဆိပ်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အသတ်ခံရပြီးတဲ့နောက်မှာတော့ ဦးလေးလေးဟာအဲဒီရွာရဲ့ အုပ်ချုပ်ရေးမှူးဖြစ်လာခဲ့ပါတယ်။ 

အုပ်ချုပ်‌ရေးမှူးဖြစ်ပြီးတဲ့နောက်မှာ လောင်းကစားဝိုင်းတွေထောင်ပြီး ငွေတောင်းတာ၊ ငါးဖမ်းလှေသမားတွေမှာ ငွေတောင်းတာတွေနဲ့ စီးပွားရှာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

The Tanintharyi Times

လောင်းကစားဝိုင်းထောင်ပြီး ငါးဖမ်းလှေသမားတွေမှာ ငွေညှစ်နေတဲ့ လောင်းလုံးက သဘော့ဆိပ် ပျူစောထီးခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ လောင်းကစားဝိုင်းထောင်ပြီး ငါးဖမ်းလှေသမားတွေမှာ ငွေညှစ်နေတဲ့ လောင်းလုံးက သဘော့ဆိပ် ပျူစောထီးခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ Reviewed by THITHTOOLWIN on 04:55 Rating: 5

No comments:

Powered by Blogger.