စော်ဝရွာနေထိုင်သူ အမျိုးသားတစ်ဦး စစ်ကြောရေးတွင် အပြင်းထန်နှိပ်စက်ခံရ၍ သေဆုံး

ပုံစာ - စစ်ကြောရေးတွင်အပြင်းထန်းရိုက်နှက်ခံရပြီး သေဆုံးသူ ဦးလွင်မိုးအောင်(ခ)မောင်လွင် ဖြစ်ပါသည်။

ထားဝယ် ၊ဇန်နဝါရီလ ၁၅ ရက်

ထားဝယ်မြို့နယ်၊စော်ဝရွာနေထိုင်သူအမျိုးသားတစ်ဦးကို လက်နက်ကိုင်အဖွဲ့အစည်းနှင့်ချိတ်ဆက်ရှိသည်ဟု စွပ်စွဲဖမ်းဆီး၍ ရိုက်နှက်စစ်ဆေးရင်းသေဆုံးသွားသည်။

ဇန်နဝါရီ(၁၅)ရက်၊နံနက်(၁၁)နာရီခန့်ကစစ်ကြောရေးတွင်ရိုက်နှက်ခံရပြီးသေဆုံးသူဦးလွင်မိုးအောင်(ခ)မောင်လွင်အသက်(၅၀)နှစ်ဆိုသူကို နေအိမ်သို့အလောင်းလာရောက်ပို့ဆောင်ခဲ့ကြောင်း ရွာသားတစ်ဦးကဆိုသည်။

"စစ်တပ်ကသေတမ်းစာမှာသွေးတိုး၍နှလုံးရပ်သေတယ်လို့ရေးထားတယ်။သူမှာကဘာရောဂါအခံမှမရှိဘူး။သူတို့စစ်ဆေးရင်း လက်လွန်သွားလို့သေသွားတာဖြစ်တယ်။အလောင်းမှာလည်းရိုက်နှက်ထားတဲ့ အမဲကွက်တွေရှိတယ်"ဟု၎င်းကပြောသည်။

ယင်း သေဆုံးသူ ဦးလွင်မိုးအောင်နှင့်အတူ ဦးညဏ်ရှိန်၊ဦးမောင်လေး၊ဦးရည်ကြို၊ဦးကျော်ငွေ တို့စုစုပေါင်း ငါးဦးဖမ်းဆီးခံရပြီး ၎င်းတို့အနက်တစ်ဦးသေဆုံးသွားခြင်းပင်ဖြစ်သည်။ 

လက်ရှိတွင် ဖမ်းဆီးခံရသူ(၄)ဦးကို ဇန်နဝါရီ(၁၁)ရက်နံနက်က ရှင်မုတ္တီးရွာဖက်ဆစ်တပ်စီးပွားရေးထောက်တိုင် Mytel တာဝါမိုင်းဆွဲခံရမှုနဲ့အဆက်စပ်မှုရှိသည်ဟု စွပ်စွဲကာဖက်ဆစ်တပ်က ရိုက်နှက်စစ်ဆေးနေဆဲဖြစ်ကြောင်း စော်ဝရွာသားတစ်ဦးက ရှင်းပြသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအား ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်အဖွဲ့က လုပ်ဆောင်ခဲ့၍ ကျေးရွာနေပြည်သူများနှင့် လုံးဝ(လုံးဝ)မသက်ဆိုင်ကြောင်း ထုတ်ပြန်ထားပါသည်။ 

Dawei Information Center 

စော်ဝရွာနေထိုင်သူ အမျိုးသားတစ်ဦး စစ်ကြောရေးတွင် အပြင်းထန်နှိပ်စက်ခံရ၍ သေဆုံး စော်ဝရွာနေထိုင်သူ အမျိုးသားတစ်ဦး စစ်ကြောရေးတွင် အပြင်းထန်နှိပ်စက်ခံရ၍ သေဆုံး Reviewed by THITHTOOLWIN on 00:16 Rating: 5

No comments:

Powered by Blogger.