ရေဦးမြို့၊ အောင်ဆုမွန် ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် ဆရာဦးကျော်ဝင်း ဖမ်းဆီးခံရ

 ပုံ/ ဖမ်းဆီးခံရသည့် ဆရာကျော်ဝင်း

January 11,2022 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ အောင်ဆန်းရပ်ကွက် ၇လမ်းနှင့်၈လမ်းကြားရှိ အောင်ဆုမွန်ကိုယ်ပိုင်အထက်တန်းကျောင်းမှ  ဆရာဦးကျော်ဝင်း အား စစ်‌ကောင်စီတပ်မှ ယနေ့ နေ့လယ်ပိုင်းအချိန်တွင် လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများမှ သိရသည်။

"ဘာ‌ကြောင့်လာဖမ်းသွားတာလဲတော့ မသိရသေးဘူး စစ်သားတွေ အယောက် ၂၀လောက်နဲ့ အိမ်ကနေကို လာဖမ်းသွားတယ်လို့ သိရတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးခံသွားရသည့် ဆရာဦးကျော်ဝင်းအား လက်ရှိ ရေဦးစခန်းတွင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

ထို့အပြင်  ဆရာကျော်ဝင်းသည်၂၀၂၀အထွေ​ေထွရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်အမှတ်(၂)မဲဆန္ဒနယ်မြေ ၊ ဦးမြင့်ထွေး၏ ရွေးကောက်ပွဲကိုယ်စလှယ်အဖြစ်ထမ်းဆောင်ဖူးသူဖြစ်ပြီး  လက်ရှိတွင် ရေဦးမြို့ ပရဟိတလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသူတဦးဖြစ်ကြောင်း ဒေသခံများကပြောသည်။

Kachin News Group 

ရေဦးမြို့၊ အောင်ဆုမွန် ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် ဆရာဦးကျော်ဝင်း ဖမ်းဆီးခံရ ရေဦးမြို့၊ အောင်ဆုမွန် ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် ဆရာဦးကျော်ဝင်း ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 21:54 Rating: 5

No comments:

Powered by Blogger.