မင်းတပ်- မတူပီလမ်း (၁၆)မိုင်ကြား သွားလာခြင်းမပြုရန် သတိ​ပေး


ချင်းပြည်နယ် မင်းတပ်မြို့နှင့် မင်းတပ်-မတူပီလမ်း (၁၆)မိုင်အကြား သွားလာခြင်းမပြုရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ (ဇန်နဝါရီ ၂၇ ရက်)တွင် ထုတ်ပြန်သည်။ 

"မင်းတပ်မြို့နေ ပြည်သူများအနေဖြင့် ယနေ့ (Jan 27 ရက်) နေ့လည် ၁၂ နာရီမှစ၍ လုံခြုံဘေးကင်းမှုမရှိသောကြောင့် မင်းတပ်မြို့နဲ့ ၁၆ မိုင်အကြား သွား လာခြင်း မပြုကြပါရန် ပန်ကြားအပ်ပါသည်"ဟု မင်းတပ်မြို့နယ် ပ.အ.ဖ က ဆိုသည်။ 

မင်းတပ်မြို့အနောက်ရပ်ကွက်နှင့် အနီးအနားကျေးရွာရှိပြည်သူများအနေဖြင့်လည်း တောလမ်းမှသော်လည်းကောင်း၊ ကားလမ်းမှသော် လည်း ကောင်း(၁၆) မိုင်ဘက် သွားလာခြင်းမပြုကြရန်လည်း ထပ်လောင်းသတိပေးသည်။ 

ပြန်လည်သွားလာရန် ဘေးကင်းသောအချိန်ကို ပ.အ.ဖ နှင့် CDF တို့မှ ပြန်လည်ကြေညာပေးမည်ဟုလည်း မင်းတပ်မြို့နယ် ပ.အ.ဖ က အသိပေးထားသည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်၏ အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းသည် ယခုလဆန်းပိုင်းကစ၍ မင်းတပ်မြို့ကို စစ်ထိုးရန် စတင်ပြင်ဆင်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ပွားလျက်ရှိကြောင်း CDF မင်းတပ်က ပြောကြားထားသည်။


People's Spring 

မင်းတပ်- မတူပီလမ်း (၁၆)မိုင်ကြား သွားလာခြင်းမပြုရန် သတိ​ပေး မင်းတပ်- မတူပီလမ်း (၁၆)မိုင်ကြား သွားလာခြင်းမပြုရန် သတိ​ပေး Reviewed by THITHTOOLWIN on 21:58 Rating: 5

No comments:

Powered by Blogger.