စက်သေနတ်ပါသော စစ်ကားတစ်စီးကို ဝက်လက် - အရာတော်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်၊

စကစ ကားတစ်စီး(ပုံဟောင်း)/ Photo - CJ

ဇန်နဝါရီ - ၁၉

စစ်ကိုင်းတိုင်း ဝက်လက် - အရာတော် ကားလမ်းတွင် လှည့်ပတ်နေသည့် စက်သေနတ်ပါသော စစ်ကားတစ်စီးကို ယနေ့ ဇန်နဝါရီ(၁၉)ရက် နေ့လည်ပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းဖြူရှင် ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကားကို မြင်းဖြူရှင် ပြောက်ကျားအဖွဲ့၊ ဝက်လက်မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့် ဂဠုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ မဟာမိတ် သုံးဖွဲ့ ပူးပေါင်းစစ်ဆင်ရေးအဖြစ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“စက်သေနတ် တကားကားဖြင့် ဖင်ယားနေသော ခွေးကား တစ်စီးကို ဝက်လက်-အရာတော် လမ်းပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါသည်။ မြေပြင်သတင်းအရ ခွေးကားမှာ ရှေ့ပိုင်း စုတ်ပြတ်သွားခဲ့သည်။ ခွေးများ အထိအခိုက်ကိုတော့ မသိရသေးပါ” ဟု မြင်းဖြူရှင် ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကိုင်း - ဝက်လက် - ရွှေဘို ကားလမ်းတလျှောက် ဖြတ်သန်းသွားလာသော စကစကားများ မကြာခဏ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခံနေရသဖြင့် လက်ရှိတွင် စစ်ကောင်စီက အဆိုပါ ကားလမ်းတလျှောက် တင့်ကားများဖြင့်ပါ လှည့်ပတ်သွားလာနေကြောင်း ဒေသခံများက ဆိုသည်။ 


Mandalay Free Press - MFP

စက်သေနတ်ပါသော စစ်ကားတစ်စီးကို ဝက်လက် - အရာတော်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်၊ စက်သေနတ်ပါသော စစ်ကားတစ်စီးကို ဝက်လက် - အရာတော်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်၊ Reviewed by THITHTOOLWIN on 20:59 Rating: 5

No comments:

Powered by Blogger.