ချင်း၊ ဇန်နဝါရီ ၁၃ ရက်
အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နည်းလမ်းအမျိုးမျိုးနဲ့ တိုက်ခိုက်မှုတွေ ကြောင့်် စစ်ကောင်စီတပ်တွေအထိနာခဲ့တဲ့ ချင်းပြည်နယ်ကို ဇန်နဝါရီလဆန်းပိုင်းကစတင်ကာ နည်းလမ်းအမျိုးမျိုးနဲ့ အင်အားတိုးချဲ့တာတွေပြုလုပ်လာတယ်လို့ သိရပါတယ်။
ချင်းပြည်နယ်ထဲကို စစ်ကောင်စီက အင်အားတိုးချဲ့ဖို့အတွက် ချင်းနဲ့ စစ်ကိုင်းနယ်စပ်ကနေ ပြောက်ကျားပုံစံ အင်အားတိုးချဲ့တာတွေ လေကြောင်းနဲ့ လာကြည့်ပြီး ခြေလျင်တပ်တွေစေလွှတ်တာတွေပြုလုပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
“ ဖလမ်းဘက်ကို မကွေးတိုင်းဘက်ကနေဝင်တာရှိတယ် စစ်ကိုင်းတိုင်းကလေးမြို့ကနေ ဝင်တာလည်း ရှိတယ် ပြီးတော့ နည်းလမ်းအမျိုးမျိုးနဲ့ အင်အားတိုးချဲ့ဖို့ကြိုးစားနေတယ်”လို့ ချင်းအမျိုးသားတပ်ဦးမှ ပြန်ကြားရေး တာဝန်ရှိသူ ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်အင်အားတိုးချဲ့နေတဲ့ မတူပီမြို့နယ်နဲ့ ပလက်ဝနယ်စပ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတပ်နယ်စပ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က တနေ့ကို လေယာဉ်နဲ့ ၂ ကြိမ်လောက်လာရောက်ကြည့်ရှု့လေ့ ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကစတင်ကာ ချင်းပြည်နယ်ထဲကို စစ်အင်အား တိုးချဲ့ဖို့ ကြိုးစားမှုများရှိခဲ့သလို စစ်ကြောင်းနဲ့ လာတဲ့လမ်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေမွေးထား တဲ့ တိရစ္ဆာန်တွေကို လုယူစားသောက်ပြီး တန်ဖိုးရှိတဲ့ ရွှေ၊ ငွေ လက်ဝတ်ရတနာတွေကို လုယက်တာတွေ ခိုးယူ တာတွေပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကာကွယ်တိုက်ခိုက်တာ တွေခံနေရကြောင့် အထိနာလာတဲ့ စစ်တပ်ကတော့ လူမရှိတော့တဲ့ ကျေးရွာတွေကို မီးရှို့လေ့ရှိလို့ လူနေအိမ် တွေနဲ့ ဘုရားရှစ်ခိုးကျောင်းတွေ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၁ သောင်း ၆ ထောင်ကျော် စစ်ဘေးရှောင်နေရတယ်လို့ UNHCR က သတင်းထုတ်ပြန်ထားပါတယ်။
Ayeyarwaddy Times
No comments:
Post a Comment