လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး စကစတပ်သား အနည်းဆုံး (၂၀) ဦးသေဆုံး၊ အထိနာသောစစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူခဲ့

Photo - KNDF တပ်ဖွဲ့ဝင်တချို့ကို မြင်တွေ့ရစဉ်

ဇန်နဝါရီ ၁၆

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက် စက်မှုလယ်ယာရုံးနှင့် (၁၁) ထပ်ဟိုတယ်အနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့ မနက် ၉ နာရီမှစ၍ ညနေ ၅ နာရီ ၄၅ မိနစ်အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး( ၂၀ )ဦး ထိခိုက်သေဆုံးနိုင်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များဘက်မှ အထက်မြင့်အဆောက်အဦးနှင့် နည်းပညာတက္ကသိုလ်တို့ကို အကာအကွယ်ယူပြီး ထိုးစစ်တိုက်ခိုက်လာသဖြင့် PDF ပူးပေါင်းတပ်များနှင့်အတူ KNDF တို့မှ ခုခံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNDF ကထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများပြားသည့်အတွက် လေကြောင်းပစ်ကူဖြင့် ညနေ ၅ နာရီ ၂၅ မိနစ်တွင် တိုက်ပွဲဖြစ်ပွားရာ မိုင်းလုံးရပ်ကွက်သို့ ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အတူ ညနေ ၅နာရီခွဲတွင် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် လာရောက်တိုက်ခိုက်သဖြင့် ပရဟိတလူငယ်(၃)ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။ 

ထို့အပြင် မွန်းလွဲ ၂ နာရီခန့်တွင်လည်း ဖရူဆိုမြို့နယ်၊မာခရော်ရှေ့ကျေးရွာ ခြေကုပ်စခန်းမှ ရေးခပ်ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီတပ်များအား KNDF မှ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ ထိခိုက်မှုများရှိခဲ့ကြောင်းသိရသည်။


PDF Newsflash

လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး စကစတပ်သား အနည်းဆုံး (၂၀) ဦးသေဆုံး၊ အထိနာသောစစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူခဲ့ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး စကစတပ်သား အနည်းဆုံး (၂၀) ဦးသေဆုံး၊ အထိနာသောစစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူခဲ့ Reviewed by THITHTOOLWIN on 22:45 Rating: 5

No comments:

Powered by Blogger.