ဟားခါးလေးကျေးရွာတွင် စကစတပ်သတ်ဖြတ်ခံရတဲ့ အမျိုးသားတစ်ဦးရဲ့ အရိုးစုများအား ကျင်းထဲတွင်တွေ့ရှိ


ကလေးမြိုနယ်၊ ဟားခါးလေးကျေးရွာတွင် စကစတပ်မှ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရတဲ့ အမျိုးသားတစ်ဦးရဲ့ အရိုးစုအား ရွာအတွင်းကျင်းတစ်ခုထဲတွင် ယနေ့ ဇန်နဝါရီ ၉ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါတယ်။ 

ဟားခါးလေးရွားသားတစ်ဦးက "အရိုးစုတွေကိုရွာအတွင်းကျင်းတစ်ခုထဲမှာ ဒီနေ့တွေ့ရှိပါတယ်။ အသက် ၆၀နှစ်အရွယ် ဦးသင်ထန် ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၉ရက်နေ့တုန်းက စစ်တပ်ရွာထဲရောက်ရှိနေစဉ် သူ့အမေနဲ့အတူ ပစ်သတ်ခံရတယ်လို့ ယူဆပါတယ်" လို့ ပြောပါတယ်။ 

ဦးသင်ထန်ရဲ့ မိခင်လည်း စကစတပ်ပစ်ခတ်မှု‌ကြောင့် ပေါင်မှာဒဏ်ရာရရှိပြီး သွေးထွက်လွန်ကာ ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးသွားခဲ့ပါတယ်။ 

ဦးသင်ထန်ရဲ့ အရိုးစုကို ရွာသားတွေက ဆယ်ယူပြီး ခရစ်ယာန်ထုံးစံအတိုင်း သဂြိုဟ်‌ခဲ့ကြောင်း သိရသည်။ 


Chin News Journal - CNJ

ဟားခါးလေးကျေးရွာတွင် စကစတပ်သတ်ဖြတ်ခံရတဲ့ အမျိုးသားတစ်ဦးရဲ့ အရိုးစုများအား ကျင်းထဲတွင်တွေ့ရှိ ဟားခါးလေးကျေးရွာတွင် စကစတပ်သတ်ဖြတ်ခံရတဲ့ အမျိုးသားတစ်ဦးရဲ့ အရိုးစုများအား ကျင်းထဲတွင်တွေ့ရှိ Reviewed by THITHTOOLWIN on 00:50 Rating: 5

No comments:

Powered by Blogger.