ဇန်နဝါရီ ၁၇
မန္တလေးမြို့၊ ချမ်းအေးသားစံမြို့နယ်အတွင်းရှိ စစ်ကောင်စီကင်းစခန်းတစ်ခုအား ယနေ့ ည ၆ နာရီခွဲခန့်က ဗုံးပစ်တိုက်ခိုက်ခံရ၍ စကစတပ်သား (၄) ဦးသေဆုံးကြောင်း သိရသည်။
" ယနေ့ညအစောပိုင်းတွင် မန္တလေးမြို့ ၃၅လမ်း၊ ၈၉-၉၀ ကြားရှိ စခ ကင်းစခန်းတစ်ခုအား Justice Mandalay People Defense Force (JMPDF) နှင့် Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို) ပူးပေါင်းအဖွဲ့မှ ဩဇာသီး ကျွေးခဲ့ရာ စခ (၄) ကောင် မုန့်ဟင်းခါးပွဲဖြစ်သည်အထိ ထိခိုက်သွားခဲ့ပါသည် " ဟု Phoenix အဖွဲ့ကထုတ်ပြန်သည်။
ထို့နောက် PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ထို့နောက် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် လမ်း ၁၃၀ (ဆ) ဈေးရပ်ကွက်အနီး ရပ်ကွက်ရုံးတွင်တပ်စွဲထားသော စစ်ကောင်စီကင်းအား Rangers Of Mandalay - ROM နှင့် YNO MDY တို့ပူးပေါင်း၍ ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
" ပစ်ခတ်ခဲ့သောဗုံးမှာ ဘန်ကာအတွင်းသို့ တည့်တည့်ကျ၍ မုန့်ဟင်းခါး (၂) ပွဲရရှိကာ ထိခိုက်ရရှိသူများလည်ရှိခဲ့ပြီး ပြည်သူများနှင့်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ပါ " ဟု ROM ကထုတ်ပြန်သည်။
ဆက်လက်ပြီး ပြောက်ကျားအဖွဲ့များအနေဖြင့် အဖိနှိပ်ခံပြည်သူများဘက်မှ ရပ်တည်ပြီး စစ်အာဏာရှင်နှင့်လက်ပါးစေများအား တော်လှန်ပြီး ပြည်သူ့အာဏာ ပြည်သူ့လက်ထဲရောက်သည်အထိ အာဏာရှင်စနစ်အား တွန်းလှန်သွားမည်ဟု ROM အဖွဲ့ကထုတ်ပြန်သည်။
PDF Newsflash
No comments:
Post a Comment