9 ၊ Jan ၊ 2022
လက်ရှိတွင် မတူပီမြိုနယ် အထက်ပိုင်း စင်း (Cing) ဒေသဘက် CDF - Matupi တပ်ရင်း (၂) ရှိရာဖက်သို့ မြင်းဆေးရှူကာ စစ်ဆင်ရေးပြုလုပ်နေသော စကစတပ်သား အယောက် ၁၀၀ ကျော်လောက်ဟာ ညဘက်တွင်သာ ခြေကျင်ဖြင့် တောလမ်းအတိုင်း လျှို့ဝှက်လမ်းလျှောက်ကာအလစ်အငိုက်စစ်ဆင်ရေးပြုလုပ်မူကြောင့် မတူပီမြို့ အနီးအနာမှာရှိတဲ့ ကျေးရွာသူ/သား အမြောက်အများဟာ ဖမ်းဆီးနှိပ်ဆက်အသတ်ဖြတ်ခံကြရသည်မှာ စိတ်မကောင်းဖွယ်ကြား သိရပါသည်။ လေ့လာမူအရ ထိုမြင်းဆေးရှူပြီးသွားပါက လူစိတ်ပျောက်ကာ တရိစ္ဆာန်တစ်ကောင်ကဲ့သို ပြုမူနေတတ်ပြီး မောပန်းခြင်းမရှိ၊ အိမ်စက်ခြင်းလည်းမရှိတော့ပဲ အကြမ်းခံကာ ကြောက်စိတ်ကင်းမဲ့တတ်သွားကာ ရိုင်းစိုင်းနေတတ်ကြောင်းသဘောရှိသည်ဟု သိရသည်။ထို မြင်းဆေးရှူကာ ထိုးစစ်ဆင်လာသော စကစတပ်များကို ချင်းပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် CNA, CDF - Matupi, CDF - Zotung , CDF - Lautu ညီ နောင်တပ်ဖက်မှပြန်လည် ဝိုင်းဝန်း ခုခံချေမှုန်းခဲ့ရာမှာ စကစတပ်ဖက်က အယောက်(၄၀) လောက်သာ အသက်ရှင် ကျန် ရစ်နိုင်လိမ့်မည်ဟု သတင်းရရှိပါသည်။ ယခုလက်ရှိချိန်အထိ စကစတပ်များ တောထဲတွင် ဖရိုဖရဲဖြစ်ကာ လမ်းပြောက်နေကြကြောင်းလည်း သတင်းရရှိပါသည် ထိုလမ်းပြောက်နေသော စကစစစ်ခွေးများကို မိမိတို့ ချင်းပူးပေါင်းတပ်ဖက်မှ လိုက်လံရှာဖွေ အမှည့်ခြွေလျှက်ရှိကြောင်းကိုလည်းသတင်း ကြားသိရပါသည်။ ဤသတင်းမှာ ဒေသခံ ပြည် သူများထံမှ ကြားသိရတာဖြစ်ကာ မိမိတို့MRN အနေဖြင့် သီး ခြားအတည်ပြုနိုင်တာတော့ မရှိသေးပါ ခင်ဗျာ
Matupi Revolution News
No comments:
Post a Comment