သတင်း/ဓာတ်ပုံ- CJ |
ဇန်နဝါရီ ၇ ရက်၊ မန္တလေး
မန္တလေးအခြေစိုက် ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ ကုန်တင်သဘေင်္ာတွေကို စစ်ကောင်စီတပ်တွေက ရိက္ခာနဲ့ ကျောက်စိမ်းသယ်ယူဖို့အတွက် အဓမ္မ ချောဆွဲလေ့ရှိတယ်လို့ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့မကြာခဏ မိုင်းဆွဲတိုက်ခိုက်မှုတွေကြောင့် အကြီးအကျယ် အထိနာနေတဲ့ စစ်ကောင်စီတပ်တွေဟာ ရိက္ခာဖြည့်တင်းမှုနဲ့ တပ်အင်အား တိုးချဲ့မှုတွေမှာ ကားလမ်းတွေကို အသုံးမပြုရဲတော့ဘဲ ရေကြောင်းကို ပိုမိုအသုံးပြုလာတာပါ။
“မန္တလေးဘက်ကတက်ရင် ဆီတို့၊ ရိက္ခာတို့ သယ်တယ်။ အပြန်ကျရင် သူတို့က ကျောက်စိမ်းတုံးတွေ ပြန်သယ်ကြတာဗျ။ ကားလမ်းက သုံးကိုမသုံးရဲကြတော့ဘူး။ သူတို့ ချောဆွဲမှာကြောက်နေရတယ်။ ငြင်းလည်း မငြင်းရဲဘူးလေ သူတို့က လက်နက်ကိုင်ထားတာကိုး။ လိုက်သွားရပြန်ရင်လည်း သေချာပေါက် PDF တွေရဲ့ အပစ်ခံရတာ။ အဲဒီတော့ သတိထားပြီးပဲ သွားလာနေရတာပေါ့ဗျာ” လို့ ကုန်သဘေင်္ာပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာမြစ်အတွင်း သွားလာနေတဲ့ သဘေင်္ာတွေအားလုံးကို ပစ်ခတ်တိုက်ခိုက်တာမဟုတ်ဘဲ စစ်ကောင်စီတပ်တွေ လိုက်ပါလာတဲ့ သဘေင်္ာတွေကိုပဲပစ်မှတ်ထား တိုက်ခိုက်ကြတာဖြစ်လို့တခြားသဘေင်္ာတွေအနေနဲ့ အန္တရာယ်သိပ်မရှိဘူးလို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
ဒါပေမဲ့ အာဏာသိမ်းမှုအပြီးမှာ အရင်က မန္တလေးအခြေစိုက် ကုန်တင်သဘေင်္ာ ၂ ထောင်နီးပါးရှိရာကနေ လက်ရှိအချိန်မှာတော့ သဘေင်္ာစီးရေ ၁ ထောင်ဝန်းကျင်ပဲ ပြေးဆွဲနေရသလို ဒေသခံ PDF တွေရဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှုအများဆုံးဖြစ်တဲ့ ချင်းတွင်းမြစ်ကြောင်းထက် တိုက်ခိုက်ခံရမှုနည်းတဲ့ ဧရာဝတီမြစ်ကြောင်းခရီးကို ပိုမိုရွေးချယ်သွားလာကြတယ်လို့ သိရပါတယ်။
Shwe Phee Myay News Agency
No comments:
Post a Comment