ထီးချိုင့်တွင် ‌စစ်ကောင်စီတိုက်လေယာဉ်ကို ဒေသကာကွယ်ရေးတပ်များ ပစ်ချ

မဲခေါင်၊ ဇန်နဝါရီ ၁၄

ထီးချိုင့်မြို့နယ်အတွင်း ‌လေကြောင်းတိုက်ခိုက်မှုပြုလုပ်သည့် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF များက ဇန်နဝါရီလ ၁၃ရက်က ပစ်ချလိုက်ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်က မဲခေါင်ကိုပြောသည်။

စစ်ကောင်စီက တိုက်လေယာဉ် ၂စင်းဖြင့် ထီးချိုင့်ဒေသရှိ PDF များကို တိုက်ခိုက်ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်များမှ ပြန်လည်ပစ်ခတ်ရာ ပျက်ကျသွားခြင်းဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က မဲခေါင်ကို ပြောသည်။

"ပျက်ကျတာသေချာတယ်။ ဘာလက်နက်နဲ့ပစ်လဲတော့ အချိန်တန်ရင် သိရပါမယ်" ဟု ၎င်းကပြောသည်။

လေကြောင်းတိုက်ခိုက်မှုကို အကြီးအကျယ်မှီခိုနေသည့် စစ်ကောင်စီ၏ ရဟက်ယာဉ်များကို တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည်ပစ်ခတ်ပြီးနောက် တိုက်လေယာဉ်တစ်စင်းကို ပထမဆုံးအကြိမ်ပြန်လည်ပစ်ခတ်နိုင်ခြင်းဖြစ်သည်။

MeKong News - မဲခေါင်သတင်း

ထီးချိုင့်တွင် ‌စစ်ကောင်စီတိုက်လေယာဉ်ကို ဒေသကာကွယ်ရေးတပ်များ ပစ်ချ ထီးချိုင့်တွင် ‌စစ်ကောင်စီတိုက်လေယာဉ်ကို ဒေသကာကွယ်ရေးတပ်များ ပစ်ချ Reviewed by THITHTOOLWIN on 10:03 Rating: 5

No comments:

Powered by Blogger.