တမူးမြို့အဝင် (၄) မိုင် စစ်ဆေးရေးဂိတ် အလစ်အငိုက် တိုက်ခိုက်ခံရပြီး စကစ သုံးဦးသေ၊ ဒဏ်ရာရသူ များစွာရှိ

 


ဇန်နဝါရီ - ၂၇

စစ်ကိုင်းတိုင်း တမူးမြို့အဝင် (၄) မိုင် စစ်ဆေးရေးဂိတ်ကို ပကဖ တမူးနှင့် ကျောင်းသားတပ်ဖွဲ့ BSO တို့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် သုံးဦးသေပြီး အများအပြား ထိခိုက်ဒဏ်ရာရကြောင်း သတင်းရရှိသည်။ 

ယနေ့ ဇန်နဝါရီ (၂၇) ရက် မနက် (၁၀) နှင့် (၁၁) နာရီကြားအချိန်တွင် တမူးမြို့အဝင် (၄) မိုင်စစ်ဆေးရေးဂိတ်ရှိ စကစတပ်များကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တမူး တပ်ရင်း (၄) က ထုတ်ပြန်သည်။ 

" ဖြစ်စဥ်တွင် စကစတပ်မှ သုံးဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရကြောင်း အတည်ပြုပါတယ် " ဟု ဖော်ပြသည်။ 

တိုက်ပွဲတွင် မဟာမိတ်တပ်များအထိအခိုက် မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပြီး နောင်တွင်လည်း ပူးပေါင်းစစ်ဆင်ရေးများလုပ်ဆောင်သွားမည်ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၄) က ထုတ်ပြန်သည်။ 


Mandalay Free Press - MFP

တမူးမြို့အဝင် (၄) မိုင် စစ်ဆေးရေးဂိတ် အလစ်အငိုက် တိုက်ခိုက်ခံရပြီး စကစ သုံးဦးသေ၊ ဒဏ်ရာရသူ များစွာရှိ တမူးမြို့အဝင် (၄) မိုင် စစ်ဆေးရေးဂိတ် အလစ်အငိုက် တိုက်ခိုက်ခံရပြီး စကစ သုံးဦးသေ၊ ဒဏ်ရာရသူ များစွာရှိ Reviewed by THITHTOOLWIN on 22:00 Rating: 5

No comments:

Powered by Blogger.