မန္တလေး ဂေါဝန်သင်္ဘောဆိပ်ကမ်းတွင် ဒဏ်ရာ အများအပြားရရှိထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို စစ်ကားနှင့်လူနာတင်ယာဉ်များက စောင့်ကြိုနေ


မန္တလေးမြို့၊ ကမ်းနားလမ်း၊ ဂေါဝန်သင်္ဘောဆိပ်ကမ်းတွင် ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့ ည(၆)နာရီကျော်တွင်  ပုံညာ/ပြဒါးရှင်သင်္ဘောဆိုက်ကပ်နေပြီး စစ်ကောင်စီတပ်သားများ ပါလာကာ လူနာတင်ကားနှင့် စစ်ကားများ စောင့်ကြိုနေကြောင်း မြိုခံများ၏ ပြောကြားချက်အရ သိရသည်။

စစ်ကားအစီးရေ အစီး(၃၀)ဝန်းကျင် အပါအဝင် လူနာတင်ယာဉ်များ ဝန်းရံကာ  ဆိပ်ကမ်းမှ စောင့်ကြိုနေကြပြီး  အတည်မပြုနိုင်သေးသော သတင်းများအရ သင်္ဘောပေါ်တွင် တပ်မ(၈၈)တပ်ဖွဲ့ဝင် (၂၀၀)နီးပါး ပါရှိပြီး ဒဏ်ရာရထားသူ အများအပြားပါကြောင်း တွေ့ရှိသူများက Tachileik News Agency သို့ ပြောသည်။

အဆိုပါ  ပုံညာ/ပြဒါးရှင်သင်္ဘောများသည် ယခင်က အစိုးရပိုင်သင်္ဘောများဖြစ်ပြီး မန္တလေး - ဗန်းမော် - ကသာကို ရေကြောင်းပြေးဆွဲလေ့ရှိသည်။

မန္တလေးတိုင်း၏ တစ်ဖက် စစ်ကိုင်းအတွင်း ကသာ၊ ထီးချိုင့် နှင့်  အင်းတော်မြို့တိုတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဒေသကာကွယ်ရေးအဖွဲ့များ၏ ပြောက်ကျားနည်းဖြင့် တိုက်ခိုက်မှုနှင့် မိုင်းဆွဲခံရမှုများကြောင့် အထိနာနေကြောင်း သိရသည်။ 


Tachileik News Agency 

မန္တလေး ဂေါဝန်သင်္ဘောဆိပ်ကမ်းတွင် ဒဏ်ရာ အများအပြားရရှိထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို စစ်ကားနှင့်လူနာတင်ယာဉ်များက စောင့်ကြိုနေ မန္တလေး ဂေါဝန်သင်္ဘောဆိပ်ကမ်းတွင် ဒဏ်ရာ အများအပြားရရှိထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို စစ်ကားနှင့်လူနာတင်ယာဉ်များက စောင့်ကြိုနေ Reviewed by THITHTOOLWIN on 20:32 Rating: 5

No comments:

Powered by Blogger.