ကသာနယ် မိုးတားကြီးကျေးရွာကို ဂျက်ဖိုက်တာ သုံးစီးဖြင့် ဗုံး (၁၂) လုံးကျဲ၊ ကလေးငယ်သုံးဦးအပါအဝင် ငါးဦးထိခိုက်ပြီး အိမ်ခြောက်လုံးမီးလောင်

MFP ၊ ဇန်နဝါရီ - ၁၂ 

စစ်ကိုင်းနှင့် ကချင်ပြည်နယ်အစပ် စစ်ကိုင်းတိုင်းအတွင်းရှိ မိုးတားကြီးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးစီးဖြင့် ဗုံး (၁၂) လုံးကျဲခဲ့ပြီး ဒေသခံ ငါးဦး ထိခိုက်ခဲ့ကာ နေအိမ်ခြောက်လုံး မီးလောင်ခဲ့ကြောင်း PDF Katha ကထုတ်ပြန်သည်။ 

ယနေ့ ဇန်နဝါရီ (၁၂) ရက် နေ့လယ် (၁) နာရီဝန်းကျင်က ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သွားသည့် ဒေသခံ ငါးဦး၏အခြေအနအသေးစိတ်ကို မသိရသေးပေ။ 

" မိုးတားကြီးရွာ စျေးတန်း၊ ၄င်းရွာအနီးကချင်စုနဲ့ ဗျူဟာရောင်ခြည် ဘုန်းကြီးကျောင်းအနီး ဒေါ်အောင်လျှိုအပါအဝင် (၃) နေရာ ဗုံးကြဲခံခဲ့ရသည်။ ဂျက်ဖိုက်တာ လေယာဥ် (၃) စီးဖြင့် (၁၂) လုံးကျဲချခဲ့ပြီး မိုးတားကြီးရွာတွင် အိမ် (၅) လုံးနဲ့ ဓမ္မာရုံတခု၊ ကချင်စု၌ လူနေအိမ် (၁) လုံး စုစုပေါင်း အိမ် (၆) လုံးနှင့် ဘာသာရေးအဆောက်အဦး ဓမ္မရုံတစ်ခု မီး​လောင်ပျက်စီးခဲ့သည်။ ယင်းဗုံးကြဲမှုကြောင့် ကလေးငယ် (၃) ဦးအပါအဝင် စုစုပေါင်းအပြစ်မဲ့ဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ သေဆုံးသူဦးရေရှိမရှိ ဆက်လက်ရှာဖွေနေသည် " ဟု Myo Hla PDF ကလည်း ထုတ်ပြန်ထားသည်။ 

မိုးတားကြီးကျေးရွာအနီးတွင် KIA ၊ ကသာ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များ မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိသည်။ 

နိုဝင်ဘာလအတွင်းကလည်း မိုးတားလေးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်။ 

ထို့အပြင် ကသာမြို့နယ်နှင့်နီးသော အင်းတော်မြို့နယ်ရှိ ဂဟဲရွာကိုလည်း စစ်ကောင်စီတပ်သည် PDF ရဲဘော်များရှိသည်အထင်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ 

Mandalay Free Press - MFP

ဓာတ်ပုံ၊ ကသာ PDF 

ကသာနယ် မိုးတားကြီးကျေးရွာကို ဂျက်ဖိုက်တာ သုံးစီးဖြင့် ဗုံး (၁၂) လုံးကျဲ၊ ကလေးငယ်သုံးဦးအပါအဝင် ငါးဦးထိခိုက်ပြီး အိမ်ခြောက်လုံးမီးလောင် ကသာနယ် မိုးတားကြီးကျေးရွာကို ဂျက်ဖိုက်တာ သုံးစီးဖြင့် ဗုံး (၁၂) လုံးကျဲ၊ ကလေးငယ်သုံးဦးအပါအဝင် ငါးဦးထိခိုက်ပြီး အိမ်ခြောက်လုံးမီးလောင် Reviewed by THITHTOOLWIN on 17:36 Rating: 5

No comments:

Powered by Blogger.