ဝမ်းတွင်းမြို့နယ် ခံတောရွာ စကစခန့်အုပ်ချုပ်ရေးမှူး အသတ်ခံရ၊


ဇန်နဝါရီ - ၂၈

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်၊ ခံတောကျေးရွာ စကစခန့် အုပ်ချုပ်ရေးမှူးကို ယနေ့ ညနေပိုင်းတွင် သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဝမ်တွင်းမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ - WTRF က သတင်းထုတ်ပြန်သည်။

အဆိုပါ ခံတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းသည် သတိပေး တားမြစ်ချက်ကို မလိုက်နာဘဲ စကစနှင့် ပူးပေါင်းကာ ဒေသခံပြည်သူများကို ဒုက္ခပေးနေသဖြင့် ယနေ့ ဇန်နဝါရီ(၂၈)ရက် ညနေပိုင်းတွင် ရှင်းလင်းသုတ်သင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“စကစခန့် အုပ်ကြီးအောင်သန်း သည် ခံတောကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများကို အကြမ်းဖက် စကစ ထောက်တိုင်ဖြစ်သော လျှပ်စစ်မီတာခများ အတင်းအဓမ္မ ကောက်ခံနေခြင်း၊ ကျေးရွာများတွင် နေထိုင်ကြသော ပြည်သူလူထု အဆင်မပြေမှုများ ပြည်သူ့မျက်နှာ မကြည့်ဘဲ အကြမ်းဖက် စကစမှ ပြည်သူလူထုအား အနိုင်ကျင့်နှိက်စက်မှုများကို အားပေးအားမြှောက် ပြုမှုခြင်း၊ ကျေးရွာများရှိ ငြိမ်းချမ်းစွာ တောင်ယာလုပ်ကိုင် စားသောက်နေကြသော လူငယ်လူရွယ်များကို မမှန်မကန် သတင်းပေးတိုင်ကြား ဖမ်းဆီးခိုင်းခြင်း၊ WTRF အဖွဲ့အနေဖြစ် စကစနှင့်ပတ်သတ်သော လုပ်ငန်းများကို ပါဝင်ကူညီမှု မပြုရန် ကြိုတင်ထုတ်ပြန်ချက်များကို လိုက်နာခြင်း မရှိသောကြောင့် (မရဏမင်း)ထံသို့ ပို့ဆောင်‌ပေးလိုက်သည်” ဟု WTRF က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် လများအတွင်းက မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်ရှိ ကျေးရွာများသို့ စကစများ စီးနင်းဝင်ရောက်ကာ ထင်တိုင်းကျဲ မွှေနှောက် သောင်းကျန်းပြီးနောက် ရာချီသော ဒေသခံ အရပ်သားပြည်သူများကို ဖမ်းဆီးနှီပ်စက်ခြင်း၊ ဒေသခံအချို့ကို သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ကျူးလွန်ခဲ့သည်။ ထိုသို့ စစ်အုပ်စု၏ အကြမ်းဖက်မှုများနောက်ပိုင်း ဝမ်းတွင်းမြို့နယ်ရှိ စကစခန့် အုပ်ကြီးနှင့် သတင်းပေးဒလန်အချို့ အသတ်ခံခဲ့ရသည်။


Mandalay Free Press - MFP

ဝမ်းတွင်းမြို့နယ် ခံတောရွာ စကစခန့်အုပ်ချုပ်ရေးမှူး အသတ်ခံရ၊ ဝမ်းတွင်းမြို့နယ် ခံတောရွာ စကစခန့်အုပ်ချုပ်ရေးမှူး အသတ်ခံရ၊ Reviewed by THITHTOOLWIN on 00:37 Rating: 5

No comments:

Powered by Blogger.