မင်းဘူးမြို့မှ သတင်းသမား တင်ရွှေ(မင်းဘူး)ကို အာဏာသိမ်း စစ်ကောင်စီက ထောင်ဒဏ် (၃) နှစ်ချမှတ်


မကွေးတိုင်း၊ မင်းဘူးမြို့မှ သတင်းသမားတစ်ဦးဖြစ်သည့် ဦးတင်ရွှေကို အာဏာသိမ်းအဖွဲ့က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့တွင် ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ဦးတင်ရွှေအား ဖမ်းဆီးထားသည့် မကွေးထောင်တွင်းမှာပင် ထောင်တွင်းတရားရုံးဖြင့် ယနေ့ အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

ဦးတင်ရွှေသည် တင်ရွှေ - မင်းဘူး ကလောင် အမည်ဖြင့် သတင်းများရေးသားနေသူဖြစ်ပြီး အာဏာသိမ်းအဖွဲ့သည် ၎င်းအား ပြီးခဲ့သည့်နှစ် မတ်လ ကတည်းက ဖမ်းဆီးထားကာ (၁၀)လအကြာတွင် ပုဒ်မ ၅၀၅ - ဂ ဖြင့် ထောင်ဒဏ်ချလိုက်ခြင်းဖြစ်သည်။  

အာဏာသိမ်းအဖွဲ့သည် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းချိန်ကစပြီး သတင်းသမားများအား ဖမ်းဆီးခြင်း၊ သတင်းဌာနများအား ပိတ်သိမ်းခြင်း၊ သတင်းထုတ်ဝေခွင့်လိုင်စင်ရုပ်သိမ်းခြင်းဖြင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို အကြမ်းဖက်ပိတ်ပင်လာရာ  ၂၀၂၁ ခုနှစ်အတွင်း သတင်းသမားများအား ဖမ်းဆီးထောင်ချမှုအများဆုံး ကမ္ဘာ့အဆင့် (၂)သို့ရောက်ခဲ့သည်။

၂၀၂၁ ခုနှစ်အတွင်း သတင်းသမားများကို ဖမ်းဆီးထောင်ချမှုအများဆုံး အဆင့် (၁) ကို တရုတ်နိုင်ငံက သုံးနှစ်မြောက်အဖြစ် ဆက်လက်တည်ရှိနေခဲ့ခြင်းဖြစ်သည်။


Tachileik News Agency 

မင်းဘူးမြို့မှ သတင်းသမား တင်ရွှေ(မင်းဘူး)ကို အာဏာသိမ်း စစ်ကောင်စီက ထောင်ဒဏ် (၃) နှစ်ချမှတ် မင်းဘူးမြို့မှ သတင်းသမား တင်ရွှေ(မင်းဘူး)ကို အာဏာသိမ်း စစ်ကောင်စီက ထောင်ဒဏ် (၃) နှစ်ချမှတ် Reviewed by THITHTOOLWIN on 22:55 Rating: 5

No comments:

Powered by Blogger.