ချောင်းဦး၊ ဇန်နဝါရီ ၃၀၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ကနေ ဆင်ဖြူရှင်ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေပါတဲ့ ကားနှစ်စီးကို PDF ၃ဖွဲ့ပေါင်းပြီး မိုင်းခွဲတိုက်ခိုက်ခဲ့လို့ ၄ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ 27 Revolution Force-မြင်းခြံတာဝန်ခံဆီက သိရပါတယ်။
ဇန်နဝါရီလ ၂၈ရက် ည၁၁ နာရီဝန်းကျင်လောက်မှာ ချောင်းဦး PDF ရဲ့ သတင်းပေးချက်အရ Pajaro ကားနဲ့ဲ့Honda Fit ကား ၂စီးပေါင်း စစ်ကောင်စီဘက်က ၁၁ဦးပါတဲ့ အဖွဲ့ ထွက်သွားတယ်သိရလို့ လမ်းက စောင့်ပြီး ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
"ကျနော်တို့လမ်းကနေပြီးတော့ မိုင်းဆွဲတိုက်ခိုက်ပြီးတော့ ဆင်ဖြူရှင်တံတားအဝမှာလုပ်လိုက်တာပါ၊၂ စီးပေါင်းကို ၁၁ ယောက်ပါတယ်ဗျ၊သေဆုံးမှုကတော့ ရေစကြိုမှာ ၂ ယောက်ထပ်သေတယ်၊လမ်းမှာ ၂ ယောက်သေတယ်" လို့ 27 Revolution Force-မြင်းခြံတာဝန်ခံ က ပြောပါတယ်။
အဲ့ဒီဖောက်ခွဲတိုက်ခိုက်မှုကို Myaung Special People's Defense Force (MSPDF)၊ 27 Revolution Force မြင်းခြံနဲ့ TTA ပြောက်ကျားတပ်(တောင်သာ) မဟာမိတ်ညီနောင် ၃ ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီအပြင် ဇန်နဝါရီ ၂၈ရက်နေ့မှာပဲ ရေစကြိုမြို့နယ် ဇီးကုန်းကျွန်းကျေးရွာက ပျူစေထီးအဖွဲ့ဝင် ၂ဦးက ရွာသူရွာသားတွေကို ခြိမ်းခြောက်ပြောဆို စည်းရုံးနေပြီး မိုက်ကြေးခွဲရမ်းကားနေလို့ မြင်းခြံ PDF နဲ့ UG အပါ ၃ဖွဲ့က ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment