ယနေ့မွန်းတည့် (၁၂း၃၀) နာရီတွင် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေကျေးရွာအုပ်စု ကုန်းဆွတ် ကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို ကရင်နီတပ်မတော် (KA)နှင့် KNDF တို့မှ တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲမှာ မွန်းတည့် (၁၂း၃၀) မှ မွန်းလွဲ (၁၄း၃၀)နာရီ အထိကြာမြင့်ခဲ့ပြီး၊ လွိုင်လင်လေးဖက်မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အများအပြား အင်အားဖြည့် တင်းထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မိမိတို့ဘက်မှ တပ်ဆုတ်ခဲ့ရသည်။
ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ (၆) ဦး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိမှုများရှိခဲ့သည်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များကိုခုခံတိုက်ခိုက်ရင်း တော်လှန်ရေး ရဲဘော် တစ်ဦး ကျဆုံးခဲ့သည်။
KNDF မှ ကျဆုံးသွားသော ရဲဘော်ကို အာဇာနည်သူရဲကောင်းအဖြစ် သမိုင်း မှတ်တမ်းတင် အလေးပြုသည်ဟု KNDF က ထုတ်ပြန်ထားသည်။
ထို့အပြင် ယနေ့ နေ့လည် (၁၁း၃၀)နာရီခန့်၊ လွိုင်ကော်မြို့နယ်၊ ခလရ(၂၅၁) တပ်ရင်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)၊ KNDF တို့ တိုက်ပွဲတစ်နာရီကြာ ဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ တပ်မ (၅၅)မှ တပ်ရင်းသည် လွိုင်ကော်မြို့၊ နာနတ်တော ရပ်ကွက်နှင့် ဘာဒိုကျေးရွာတို့တွင်စစ်ကြောင်းထိုးလျက်ရှိသည်။
၄င်းရပ်ကွက်နှင့် ကျေးရွာအတွင်းရှိ ပြည်သူများမှာ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် ထွက်ပြေးသိမ်းရှောင်နေရသည်ဟု KNDF က ထုတ်ပြန်ထားသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment