အလုံမြို့နယ်မှ ဦးတေဇပိုင် ထူးဓာတ်ဆီဆိုင်မီးရှို့ဖောက်ခွဲခံရ

Photo:MFSD

မဲခေါင်၊ ဇန်နဝါရီ ၁၆

ရန်ကုန်မြို့၊ အလုံမြို့နယ်၊ ထော်လီကွေ့မှတ်တိုင်နားရှိ ဦးတေဇပိုင် ထူးဓာတ်ဆီဆိုင် ယနေ့ ၄ နာရီခန့်တွင် မီးရှို့ဖောက်ခွဲခဲ့ကြောင်း Special Task Agency of Burma (STA) က ထုတ်ပြန်သည်။

ဓာတ်ဆီလောင်းမီးရှို့ခဲ့ပြီး ဗုံး ၂ လုံးဖြင့်ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ယင်းသို့လုပ်ဆောင်နိုင်ရန် အချိန်ကာလတခုအကြာ အစီအစဥ်များခဲ့ရသည်ဟု STA က ဆိုသည်။

မီးလောင်မှုကြောင့် ဓာတ်ဆီဆိုင်တခုလုံးမီးလောင်ကျွမ်းခဲ့ပြီး မြို့ပြရဲဘော်များအထိအခိုက်မရှိခဲ့ကြောင်း သိရသည်။


MeKong News - မဲခေါင်သတင်း

အလုံမြို့နယ်မှ ဦးတေဇပိုင် ထူးဓာတ်ဆီဆိုင်မီးရှို့ဖောက်ခွဲခံရ အလုံမြို့နယ်မှ ဦးတေဇပိုင် ထူးဓာတ်ဆီဆိုင်မီးရှို့ဖောက်ခွဲခံရ Reviewed by THITHTOOLWIN on 22:28 Rating: 5

No comments:

Powered by Blogger.