ခင်ဦးတွင် စစ်ကောင်စီတပ်က အသက် ၁၂ နှစ်အရွယ် ကလေးကို ပစ်သတ်


ခင်ဦး - ဇန်နဝါရီ ၇၊ ၂၀၂၂။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ရွာတော်ကျေးရွာမှ အသက် ၁၂ နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါ ကလေးငယ်နှင့်ဖခင်ဖြစ်သူသည် ယမန်နေ့က ကြွက်ကိုင်းထောင်ပြီးနောက် အိမ်အပြန်လမ်းဖြစ်သည့် ခင်ဦးမြို့နယ်၊ နှောကုန်းကျေးရွာထိပ်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။ 

"ခင်ဦးမြို့နယ်က စကစ(စစ်ကောင်စီ)တွေ ပစ်ခတ်တာကြောင့် စီးလာသည့်ဆိုင်ကယ်ကို နောက်ပြန်လှည့်ပြီး စီးပြေးကြတာ။ အဲ့ချိန် ဆိုင်ကယ်နောက်က လိုက်ပါလာတဲ့ အပြစ်မဲ့ ကလေးငယ်တစ်ဦး ကျည်ထိမှန်ပြီး ပြုတ်ကျနေခဲ့တာ" ဟုပြောသည်။ 

ပစ်သတ်ခံရသည့် ကလေးငယ်သည် အသက် ၁၂ နှစ်အရွယ် မောင်ချစ်ကောင်းဆိုသူဖြစ်ပြီး ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းမှ သွားရောက်ကောက်ယူနိုင်ခဲ့ကြောင်း သူကပြောသည်။ 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇန်နဝါရီ ၄ ရက်နေ့က ဒေသခံပြည်သူ အမျိုးသမီး လေးဦးသေဆုံးခဲ့သည်။


The 74 Media

ခင်ဦးတွင် စစ်ကောင်စီတပ်က အသက် ၁၂ နှစ်အရွယ် ကလေးကို ပစ်သတ် ခင်ဦးတွင် စစ်ကောင်စီတပ်က အသက် ၁၂ နှစ်အရွယ် ကလေးကို ပစ်သတ် Reviewed by THITHTOOLWIN on 00:45 Rating: 5

No comments:

Powered by Blogger.