ဖရူဆိုက စစ်ဘေးရှောင်စခန်းကို လေယာဥ်ဖြင့် ဗုံးကြဲ၊ စစ်ဘေးရှောင် ၇ နှစ်သမီးအပါအဝင် ၃ ဦးသေဆုံး


မဲခေါင်၊ ဇန်နဝါရီ ၁၇

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အနောက်ဘက်ရှိ စစ်ဘေးရှောင်စခန်း ၁ ခုအား စစ်ကောင်စီက လေကြောင်းမှ ယနေ့မနက်ပိုင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၇ နှစ်သမီးအပါအဝင် ၃ ဦးသေဆုံးခဲ့သည်။

ယနေ့မနက်အစောပိုင်း ၁ နာရီ ၁၀ မိနစ်ခန့်က စစ်ဘေးရှောင်စခန်းပေါ်သို့ လေယာဥ်ဖြင့် ဗုံး ၄ လုံးကြဲချခဲ့ခြင်းဖြစ်ပြီး အသက် ၅၀ အရွယ်အမျိုးသား ၁ ဦး၊ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် ၇ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့သည်။

သေဆုံးခဲ့သည့် အမျိုးသမီး ၂ ဦးမှာ ညီအစ်မများဖြစ်ကြောင်း ဖရူဆို PDF ထံမှ သိရသည်။

ကရင်နီပြည်နယ်ဟု ခေါ်သည့် ကယားပြည်နယ်တွင် စစ်ကောင်စီတပ်များက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်နေပြီး ယမန်နေ့ကလည်း လွိုင်ကော်မြို့အား ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ သိန်းနှင့်ချီပြီး ရှမ်းပြည်နယ်နှင့် တောတောင်များအတွင်း စစ်ဘေးရှောင်နေရသည်။


MeKong News - မဲခေါင်သတင်း

ဖရူဆိုက စစ်ဘေးရှောင်စခန်းကို လေယာဥ်ဖြင့် ဗုံးကြဲ၊ စစ်ဘေးရှောင် ၇ နှစ်သမီးအပါအဝင် ၃ ဦးသေဆုံး ဖရူဆိုက စစ်ဘေးရှောင်စခန်းကို လေယာဥ်ဖြင့် ဗုံးကြဲ၊ စစ်ဘေးရှောင် ၇ နှစ်သမီးအပါအဝင် ၃ ဦးသေဆုံး Reviewed by THITHTOOLWIN on 23:35 Rating: 5

No comments:

Powered by Blogger.