စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာပြီး တပ်စွဲထားတဲ့အတွက် မြေးခန္တီရွာအနီးတစ်ဝိုက်ကျေးရွာတွေမှာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရ


တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၁၉ 

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး တပ်စွဲထားတဲ့အတွက် မြေးခန္တီရွာအနီးတစ်ဝိုက်က ကျေးရွာတွေက ပြည်သူတွေရွာလုံးကျွတ်နီးပါးထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

ဒီနေ့ မနက်စောစောက ခေါင်တိုင်ပြင်ရွာနဲ့ မြင်းမတ်တပ်ရွာတို့ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့အတွက် မြင်းမတ်တပ်ရွာအနီးမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ခေါင်တိုင်ပြင်ရွာနဲ့ မြင်းမတ်တပ်ရွာမှာတပ်စွဲထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒါကြောင့် မြင်းမတ်တပ်၊ ခေါင်တိုင်ပြင်၊ မြေးခန္တီ စတဲ့ရွာတွေနဲ့ အနီးတစ်ဝိုက်ရွာက ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ 

" စစ်သားတွေက ​မြင်းမတ်တပ်ရွာကိုရောက်လာတော့ အကုန်ပြေးကြတာ။ ရွာမှာ ဘယ်လိုဖြစ်ပြီးကျန်ခဲ့တယ်ဆိုတာတောင်မသိတော့ဘူး" လို့ မြေးခန္တီရွာက ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ 

စစ်ဘေးတိမ်းရှောင်ရတဲ့ပြည်သူရာချီရှိတယ်လို့သိရပြီး အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။ 


The Tanintharyi Times

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာပြီး တပ်စွဲထားတဲ့အတွက် မြေးခန္တီရွာအနီးတစ်ဝိုက်ကျေးရွာတွေမှာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာပြီး တပ်စွဲထားတဲ့အတွက် မြေးခန္တီရွာအနီးတစ်ဝိုက်ကျေးရွာတွေမှာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရ Reviewed by THITHTOOLWIN on 21:09 Rating: 5

No comments:

Powered by Blogger.