ပုံစာ - ပုံအဟောင်း အသုံးပြုထားခြင်းဖြစ်သည်။ |
မန္တလေး၊ ဇန်နဝါရီ ၈
မန္တလေးမြို့၌ ယနေ့ နံနက်ပိုင်းကစတင်ပြီး ရပ်ကွက်အလိုက် အရပ်ဝတ်၊ ယူနီဖောင်းဝတ်အစုံဖြင့် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများ လှည့်ပတ်စစ်ဆေးနေပြီး ယနေ့နေ့လယ်ပိုင်းကစ၍ အဖမ်းခံရသူများပြားနေကြောင်း မြို့ခံများထံက သိရသည်။
ယနေ့နေ့လည်ပိုင်းက မန္တလေးမြို့ တမ္ပဝတီရပ်ကွက်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသား (၂) ဦးကို စစ်ကောင်စီလက်ပါးစေများက အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် တစ်ဦးသေနတ်ဒဏ်ရာဖြင့် အဖမ်းခံရခဲ့ရသည်။
ယနေ့ ညနေပိုင်းတွင်လည်း ဆိုင်ကယ်များကို တူးဘောက်ဖွင့်စစ်ဆေးနေပြီး အမျိုးသားနှစ်ဦးစီးလာသည့် ဆိုင်ကယ်မှန်သမျှကို စစ်ကားပေါ်ဆွဲတင်သွားကြောင်း မျက်မြင်တွေ့ရှိသူများက လူငယ့်ခေတ်သို့ ပြောသည်။
"အကုန်လုံးလူရော၊ ဆိုင်ကယ်ရောကားပေါ်ဆွဲတင်သွားတာ။ တချို့ လူအပြည့်နဲ့လိုက်ထရက်ကားတွေလည်း ဖမ်းထားတယ်။ ဘာဖြစ်လို့လဲမသိဘူး"ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။
ဖမ်းဆီးထားသူများကို တစ်ဦးလျှင် ကျပ်(၁)သိန်းဖြင့် အမှတ် (၈) ရဲစခန်း၌ ပြန်လာရွေးခိုင်းနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လူငယ့်ခေတ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
Lu Nge Khit
No comments:
Post a Comment